Connect with us

Politics, Law & Military

ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်သို့ပို့ထားပြီးပြီဟု ဆို

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အမှာစကား ပြောနေစဉ်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၃၁ / ၂၀၁၃ ဖြစ်သည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)အား ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြင်ဆင် ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ပို့ထားကြောင်း အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ အိုင်(၁) အဆောင်တွင်ပြုလုပ်သော မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်တို့ဆွေးနွေးပွဲတွင်ယနေ့ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဦးရွှေမန်းက ပုဒ်မ ၆၆ (ဃ)တွင် အကျုံးဝင်သည့် အချက်ငါးခုတွင် အသရေဖျက်မှုပါဝင်ကြောင်း၊၎င်းက ရဲအရေးပိုင်သည့်အမှုဖြစ်၍ ထောင်သုံးနှစ်ချနိုင်ကြောင်း သို့ဖြစ်၍ အသရေဖျက်မှုချင်းတူသော်လည်း အခြားပုဒ်မများရှိ အသရေဖျက်မှုများနှင့် မတူညီဘဲ အာမခံကိစ္စပြဿနာဖြစ်ရကြောင်း၊ထို့ကြောင့်ပုဒ်မ ၆၆ (ဃ) မှထိုအပိုဒ်ကိုဆွဲထုတ်ကာ ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်ထားကြောင်းသတင်းမီဒီယာများအားပြောခဲ့သည်

ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်နှင့်သတင်းမီဒီယာတို့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပနေစဉ်။

(ဆင်ဟွာ)

အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီမှ ဒုတိယ ဥက္ကဌ နှစ်ဦး အပါအဝင် အဖွဲ့ဝင် ၁၆ ဦး၊ ၎င်း ရုံး အဖွဲ့မှူး၊ ရုံးဝန်ထမ်းတစ်ဦး၊ စုစုပေါင်း ၁၈ ဦးတို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဘက်မှ ကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ကော်မရှင် အဖွဲ့ဝင် ၁၄ ဦးတို့တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.