Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူ နှင့် သက်သေခံပစ္စည်းများ အားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီလ ၆ ရက် ၁၃း၃၀ နာရီ တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာနေ ရွှေထုပ် ၂၉ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး ၎င်းလွယ်ထားသော ဘေးလွယ်အိတ် အတွင်းမှ ပလတ်စတစ်စဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၄၅,၀၀၀ ကျပ်)နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ နေအိမ်အတွင်း မှ ပြောင်းအရှည် ၈ လက်မခန့်ရှိ လက်လုပ်သေနတ် ၁ လက်၊ ၎င်းကျည် ၄၄ တောင့်၊ ကျည်ခွံ ၁၀ ခု၊ အရှည် ၃.၈ ပေ ခန့်ရှိ ပြောင်းချောသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ ကျည်ခွံ ၁ ခု၊ အရှည် ၄.၅ ပေခန့်ရှိ တူမီးသေနတ် ၁ လက်၊ ခဲသီး ၄၀ လုံးနှင့် ယမ်းမှုန့်များထည့်ထားသည့် ကော်ဘူး ၁ ဘူးတို့အားလည်းကောင်း တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.