Connect with us

Politics, Law & Military

တာချီလိတ် မြို့နယ်တွင် ကျပ်သိန်းပေါင်း (၂၉,၉၅၀) တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိသော ပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့ မိုင်းဖုန်း (ခ) ကျေးရွာ အုပ်စု၊ ဝှေလေလန် ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၂၉,၉၅၀) သိန်းခန့် နှင့် မော်တော်ယာဉ် ဂီယာအုံ အနောက်ဖက်မှ လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

နိုဝင်ဘာ (၁၂) ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက တာချီလိတ် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံတပ် ၊နယ်မြေခံ ရဲတပ်ဖွဲ့ ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၊ အကောက်ခွန်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့် အတူ တာချီလိတ်ဘက် မှ တာချီလိတ်မြို့နယ် ၊ မိုင်းဖုန်း (ခ ) အုပ်စု ၊ နမ့်လုတ် ( အာခါ ) ကျေးရွာဘက်သို့ သြကက်စတင်း (ခေါ်) လုကာ (ကျား) မောင်းနှင်လာသည့် MARK II အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှုာဖွေရာ မော်တော်ယာဉ် နောက်ဖုံးအတွင်း သိုဝှက် သယ်ဆောင်လာသည့် အစိမ်းရောင် ကျောပိုးအိတ် (၆) လုံး အတွင်းမှ (၁) ထုပ်လျှင် မက်သာအက်ဖီ တမင်း (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် (၁) ကီလိုဂရမ်ခန့်စီပါ (၁၁၉) ထုပ်နှင့် (ဝ.၈) ကီလိုဂရမ်ခန့်ပါ (၁) ထုပ် ၊ စုစုပေါင်း (၁၂၀) ထုပ် စုစုပေါင်း အလေးချိန် (၁၁၉.၈) ကီလိုဂရမ်ခန့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၂၉,၉၅၀) သိန်းခန့် နှင့်မော်တော်ယာဉ် ဂီယာအုံ အနောက်ဖက်မှ လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.