Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အတည်ပြု ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အစိုးရဖွဲ ့နိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ပါတီ ဌာနချုပ်ရှေ့၌ နှုတ်ခွန်းဆက် စကားပြောနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ယခု ကျင်းပ ပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၏ အနိုင်ရ ကိုယ်စားလှယ်များအား ထုတ်ပြန်ပြီးစီးမှု ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် နေရာတွင် ကိုယ်စားလှယ် စုစုပေါင်း အရေအတွက်၏ ထက်ဝက် ကျော်ပြီးရရှိနေ အစိုးရဖွဲ့နိုင်သည့် အရေအတွက် ရရှိထားသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၆၆၄ ဦး ရှိသည့်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် စုစုပေါင်း အရေအတွက် ၃၄၈ ဦး ရှိ၍ ထက်ဝက်ကျော်ထက် ပိုမို ရရှိနေပြီး အစိုးရဖွဲ့နိုင်သည့် အရေအတွက် ရရှိထားပြီ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်များကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-UEC)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ယခု နောက်ဆုံး ထုတ်ပြန် အတည်ပြုရလဒ်များ အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိသည့်အနက် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ဖယ်၍ ကျန်ရှိသည့် အရပ်သား ကိုယ်စားလှယ် ၃၃၀ ဦးအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှာ ၂၃၈ ဦး ရှိနေပြီး ထက်ဝက်ကျော် အရေအတွက်ထက် ပိုမို ရရှိနေကာ ဒုတိယ သမ္မတ တစ်ဦး အမည်စာရင်း တင်သွင်းနိုင်သည့် အရေအတွက်လည်း ရရှိထားသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦး ရှိသည့်အနက် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး ဖယ်၍ ကျန်ရှိသည့် အရပ်သား ကိုယ်စားလှယ် ၁၆၈ ဦး အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနိုင်ရ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်မှာ ယနေ့နေ့လည်ပိုင်းအထိ ကော်မရှင်၏ အတည်ပြု ကြေငြာချက်အရ ၁၁၀ ဦး ရှိသည့်အတွက် ထက်ဝက်ကျော်ထက် ပိုမို ရရှိနေပြီ ဖြစ်ပြီး အမျိုသားလွှတ်တော် အတွက် ဒုတိယ သမ္မတက တစ်ဦးအမည်စာရင်း တင်သွင်းနိုင်သည့် အရေအတွက် ရရှိထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ရလဒ် အတည်ပြု ထုတ်ပြန်ချက်များ အရ ယနေ့နေ့လည်ပိုင်း အချိန်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၂၃၈ ဦး ၊ အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၁၀ ဦး ၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၄၀၁ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် (တိုင်းရင်းသား လူမျိုး) လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ရရှိထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117