Connect with us

Politics, Law & Military

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူနှင့် ဆက်စပ်နိုင်သော တာချီလိတ်မြို့နယ် အတွင်း လိုဏ်ဂူများတွင် ကူညီ ရှာဖွေမှုများ ပြုလုပ်

တာချီလိတ်မြို့နယ် အတွင်းရှိ လိုဏ်ဂူ များတွင် ကူညီ ရှာဖွေမှုများ ပြုလုပ်နေမှုများအား တွေ့ ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လူငယ် ၁၃ ဦးပိတ်မိနေသည့် ထမ့်လုံခွန်နမ့် လိုဏ်ဂူ နှင့် ဆက်စပ် နိုင်သည့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းမှ လိုဏ်ဂူများတွင် ကူညီရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ထိုရှာဖွေမှုများအား တာချီလိတ် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှု နှင့်အတူ မီးသတ် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေး အသင်း အဖွဲ့များနှင့် ပုန်းထွန် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း၍ ဇွန်လ ၂၈ ရက်နေ့က ပုန်းထွန်ရပ်ကွက်ရှိ ငွေစေတီကုန်း လိုဏ်ဂူတွင် လည်းကောင်း ၊ ဇွန်လ ၂၉ ရက်နေ့ က သီရိရတနာဂူတွင် လည်းကောင်း၊ ဇွန်လ ၃ဝ ရက်နေ့က ကျောက်တောင်အနီး ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းရှေ့ရှိ လိုဏ်ဂူတွင်လည်းကောင်း ကူညီရှာဖွေပေးခဲ့ရာ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်း ဝင်ရောက်သွားပြီး ပိတ်မိနေသည့် လူငယ်ဘောလုံးအသင်းမှ(၁၃)ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး အဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံက လိုအပ် သည်များ အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ကို ညွှန်ကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ဇွန် ၂၈ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.