Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ၂၀၁၉ – ၂၀၂၂ မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲထား

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉- ၂၀၂၂) နှင့် စပ်လျဉ်း၍ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ၂၀၁၉ – ၂၀၂၂ မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲထား ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ထိုစီမံကိန်းတွင် အခန်း ၁၁ ခန်း ပါဝင်ပြီး ယခင် ကျင်းပ ပြီးစီး ခဲ့သည့် ရွေးကောက်ပွဲများနှင့် ယနေ့ ဆောင်ရွက် လျက် ရှိသည့် လုပ်ငန်းစဉ် အလိုက် အားသာချက် ၊ အားနည်းချက် ၊ အခွင့်အလမ်းများ နှင့် အခက်အခဲများ အပေါ် သုံးသပ်၍ ပွင့်လင်း မြင်သာမှု ၊ လွတ်လပ်တရား မျှတမှု တို့အပေါ် အခြေခံ၍ ရေးဆွဲ ထားကြောင်း၊ စီမံကိန်းတွင် ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ၊ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ပါဝင် သက်ဆိုင်သူ အားလုံးတို့၏ ဆောင်ရွက်ရန် တို့ကို အခန်းကဏ္ဍအလိုက် ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာ စီမံကိန်း (၂၀၁၉- ၂၀၂၂) နှင့် စပ်လျဉ်း၍ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် သုံးသပ်ဆွေးနွေးပွဲကို ရန်ကုန်မြို့၌ ဇူလိုင် ၂ ရက်တွင် ကျင်းပခဲ့ရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထို့အပြင် လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မိမိကျရာ အခန်းကဏ္ဍမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေ လိုကြောင်း၊ လူမှုအဖွဲ့အစည်းများသည် မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာ ပေးခြင်း ၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ဆက်ဆံခြင်း၊ အားလုံးပါဝင် ဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း စသည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ် များအပေါ် လေ့လာ သုံးသပ်ဆွေးနွေး အကြံပြုပေးစေ လိုကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် (၂၀၁၃ – ၂၀၁၈) မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲ၍ အကောင် အထည် ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.