Connect with us

Politics, Law & Military

ပြည်ပသို့ အလုပ်သမား တရားဝင် ပို့လွှတ်မှုမှာ ၂၇ နှစ်အတွင်း ၂၆ သိန်းကျော် ရှိ ဟု ဝန်ကြီးပြော

1. အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများသို့ အလုပ်သမားများ တရားဝင် စေလွှတ်မှုမှာ ၁၉၉၀ ခုနှစ်မှ ၂၀၁၇ သြဂုတ်လအထိ ၂၆ သိန်းကျော် ရှိကြောင်း အလုပ်သမား၊ လူဝ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

“မလေးရှားနိုင်ငံသို့ ၄၂၂၂၅၃ ဦး၊ စင်္ကာပူသို့ ၁၃၉၀၀ ဦး၊ ထိုင်းနိုင်ငံသို့ ၂၃၄၅၁၁၅ ဦး၊ ဂျပန်နိုင်ငံသို့ ၇၁၁၁ ဦး၊ ကိုရီးယား သမ္မတနိုင်ငံသို့ ၃၂၈၃၄ ဦး၊ ယူအေအီးနိုင်ငံသို့ ၁၁၃၅ ဦး၊ ကာတာနိုင်ငံသို့ ၄၈၁ ဦးနဲ့ ဟောင်ကောင်သို့ ၁၇၄ ဦး — စုစုပေါင်း ၂၆၀၀၅၀၁ ဦး တရားဝင် စေလွှတ်ခဲ့ပါတယ်၊ မြန်မာလုပ်သားများဟာ ထိုင်းနိုင်ငံကို အများဆုံး သွားကြပြီး မလေးရှားကိုတော့ ဒုတိယ အများဆုံး သွားကြပါတယ်” ဟု ‘အာဆီယံတွင် အိမ်တွင်းအထောက်အကူ အလုပ်သမားများအတွက် သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေး၊ နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်းအဝေး’ ၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

ILO- Yangon မှ Liasion Officer Mr. Rory Mungoven အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အာဆီယံ အလုပ်သမား အစည်းအရုံးမှ Mr. Sinapan Samydorai အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အလုပ်သမား၊ လူဝ်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် တက်ရောက်လာသူဧည့်သည်များစုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

အာဆီယံတွင် အိမ်တွင်းအထောက်အကူ အလုပ်သမားများအတွက် သင့်တော် ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေး၊ နိုင်ငံအဆင့် သုံးပွင့်ဆိုင် အကြိုလုပ်ငန်း အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

“အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာအမျိုးသမီးတွေဟာ အိမ်တွင်း အထောက်အကူ အလုပ်သမားများ အဖြစ် တရားမဝင်သွားရောက်လုပ်ကိုင်နေကြပါတယ်၊ ရွှေ့ပြောင်း လုပ်သားတွေဟာ နိုင်ငံတော်ရဲ့ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပါတယ်၊ ဒီအလုပ်ကို ပညာ အရည်အချင်း နိမ့်ပါးသူ အလုပ်အကိုင် အခွံင့်အလမ်း နည်းပါးသူ မိသားစု ချို့တဲ့ သူတွေက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြပါတယ်၊ ဒါကြောင့် လက်ရှိ ပြည်ပ နိုင်ငံများမှာ လုပ်ကိုင်နေတဲ့ အိမ်တွင်း အထောက်အကူ လုပ်သားများရဲ့ လုပ်အားကို တန်ဖိုးထား အသိအမှတ်ပြု ရမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ နံနက်ပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ပ အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ILO, Task Force on ASEAN Migrant Workers, ASEAN Triangle Programme, UN နှင့် အခြား INGO, NGO တို့မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ILO- Yangon မှ Liasion Officer Mr. Rory Mungoven နှင့် ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အာဆီယံ အလုပ်သမား အစည်းအရုံးမှ Mr. Sinapan Samydorai တို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်းပြုလုပ်သည့် အဆိုပါ သုံးပွင့်ဆိုင် အကြို လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသည် လာမည့် အောက်တိုဘာ လကုန်တွင် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် “Towards Achieving Decent Work for Domestic Workers in ASEAN” အစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်သည့် အစည်းအဝေးဖြစ် ကြောင်း၊ အဆိုပါ အစည်းအဝေးတွင် “အိမ်တွင်းအထောက်အကူ လုပ်သားများ အလုပ်ကောင်း ရရှိရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခွင့် ရမည်ဖြစ်ကြောင်း၊ ထိုခေါင်းစဉ်မျိုးဖြင့် ဆွေးနွေးခွင့်ရခြင်းမှာ ယခု ပထမဆုံး အကြိမ်ဖြစ်ကြောင်း ILO- Yangon မှ Liasion Officer Mr. Rory Mungoven က ၎င်း၏ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် “အာရှ ပစိဖိတ်ဒေသမှာ အိမ်တွင်းအထောက်အကူလုပ်သား ကိုးသန်းလောက် ရှိပြီး မလေးရှား စင်္ကာပူ၊ ထိုင်းနဲ့ ဘရူနိုင်းနိုင်ငံတွေကို အဓိက ထားပြီး အလုပ်သွားလုပ်ကြပါတယ်၊ အများစုကတော့ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့မြန်မာနိုင်ငံက အလုပ်သမားတွေပါ၊ သူတို့လုပ်ရတဲ့ အလုပ်ချိန်တွေက ထိုင်းမှာ တစ်နေ့- ၁၂ နာရီ၊ မလေးမှာ ၁၅ နာရီလောက် လုပ်ကြရပြီး လုပ်ခကလည်း အခြေခံလစာရဲ့အောက်မှာပဲ ရပါတယ်၊ အလုပ်သမား ဥပဒေက ပေးတဲ့ အခွင့်အရေးတွေကိုလည်း မရကြပါဘူး၊ အိမ်တွင်းအထောက်အကူ အလုပ်ဆိုတာလည်း တခြား အလုပ်တွေလိုပဲ အလုပ်ပဲ ဖြစ်တဲ့အတွက် တခြား လုပ်သားများနည်းတူ တန်းတူ အခွင့်အရေးတွေ ရသင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.