Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း ၂၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများ သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူနှင့်အတူ သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် တွင် ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၀၀၀ကျော်  တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၄ ရက် ၁၈း၃၀ နာရီတွင် မိုးကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့၊ ပန်းမထိပ်ရဲကင်းရှေ့၌ နောင်ချိုမြို့နယ်၊ ကောင်းမှုကျေးရွာနေ ကို–(၂၉)နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အားစစ်ဆေးရာ ဆိုင်ကယ်ခုံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁,ဝ၈ဝ သိန်း)အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ဝ၉းဝဝ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၅၆)မိုးကုတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်၌ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်နေ ကို–(၂၄)နှစ်မောင်းနှင်လာသော မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်၏ရှေ့တံခါး/ရှေ့ခေါင်မိုး/ နောက်ခန်း ဝဲယာကာဘာအတွင်းနှင့် ထိုင်ခုံအောက်တို့မှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် စုစုပေါင်းဘိန်းဖြူ ၁.၁၈၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၈၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း မူးယစ်ဆေးဝါးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)