Connect with us

Politics, Law & Military

ရခိုင် ပြည်နယ် အရေး စိန်ခေါ်မှုများတွင် လူအများ၏ စိတ်နေစိတ်ထား ပြောင်းလဲနိုင်ရေးမှာ အခက်ခဲဆုံး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ရခိုင်ဒေသ အရေး နှင့် ပတ်သက်၍ ှစိန်ခေါ်မှုများစွာ ရှိသည့် အနက် အခက်ခဲဆုံးမှာ လူအများ၏ စိတ်နေစိတ်ထား ပြောင်းလဲ နိုင်ရေးမှာ အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့စက်တင်ဘာလ ၂၀ ရက်တွင် ဆင်ဟွာ သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၌ စိန်ခေါ်မှု များစွာ ရှိကြောင်း ၊ အမုန်းတရား နှင့် အကြောက်တရား ကို အခြေခံပြီး လုပ်ကိုင်နေခြင်း ၊ တစ်ဦး နှင့် တစ်ဦး တိုက်ခိုက်နေကြခြင်းထက် တစ်ဦး နှင့် တစ်ဦး အပြန် အလှန် နားလည်အောင် ကြိုးစားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် သဟဇာတ ရှိရှိ နေထိုင် သွားခြင်းမှာ အားလုံး အတွက် ပိုမို ကောင်းမွန်မည် ဆိုသည်ကို နားလည်လာအောင် လူများ၏ စိတ်နေစိတ်ထားကို ပြောင်းလဲရေးသည် အခက်ခဲဆုံး ဖြစ်မည်ဟု ထင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် သတင်းမီဒီယာများမှ အင်တာဗျူး မေးမြန်း နေစဉ် (ဆင်ဟွာ)

ရခိုင် ဒေသ အကြမ်းဖက်မှုများအား ထိန်းချုပ် ဆောင်ရွက်နေစဉ် အတွင်း အပြစ်မဲ့ အရပ်သားများ ထိခိုက် နစ်နာမှု မရှိ စေရေး ၊ အိုးအိမ်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှု မရှိစေရေး အတွက် သေချာစွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း ပြည်သူများ၏ အခွင့်အရေးကို လေးစား၍ အင်အား အလွန်အကျွံ မသုံးစွဲရန် လွန်စွာ တင်းကြပ်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအားလည်း အကြမ်းဖက် တိုက်ခိုက်မှုများ စတင် ဖြစ်ပွား ခဲ့ပြီးချိန်မှ စတင်၍ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အလျင်မြန်ဆုံး ပေးအပ်လျက် ရှိနေသကဲ့သို့ဆက်လက်၍ ပေးအပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် သတင်းမီဒီယာများမှ အင်တာဗျူး မေးမြန်း နေစဉ် (ဆင်ဟွာ)

ရခိုင် ဒေသ အရေးကိစ္စနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တရုတ် သတင်းမီဒီယာများ၏ တွေ့ဆုံ မေးမြန်းမှုများအား ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲ ၊ ပြဿနာများအား နားလည်ပေးမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကား ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် သတင်းမီဒီယာများမှ အင်တာဗျူး မေးမြန်း နေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံသည် သမိုင်းကြောင်း ရှည်ကြာသည့် ချစ်ကြည် ရင်းနှီးမှု ရှိကြောင်း ၊ ယခု ရင်ဆိုင် နေရသည့် ပြဿနာများသည် ခက်ခဲ ရှှုပ်ထွေးလှပြီး ချက်ချင်း ပြေလည် သွားနိုင်မည် မဟုတ်သည်ကို တရုတ်နိုင်ငံမှ နားလည် လက်ခံပေးမှု အပေါ် လွန်စွာ ကျေးဇူး တင်ရှိကြောင်း ၊ ယခုကဲ့သို့နားလည်မှုမျိုးသည် အခြား အရာများထက် ပိုပြီး အရေးကြီးကြောင်း ပြောကြားခဲ့သည်။နိုင်ငံ ငြိမ်းချမ်းမှု မရှိဘဲ ရေရှည် တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် သတင်းမီဒီယာများမှ အင်တာဗျူး မေးမြန်း နေစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ အကြား အလွန် ခိုင်မာပြီး ကောင်းမွန်သည့် ဆက်ဆံရေး တည်ရှိကြောင်း ၊ နှစ်နိုင်ငံ တည်ငြိမ်မှု နှင့် ငြိမ်းချမ်းမှု ရှိခဲ့လျှင် နှစ်နိုင်ငံလုံး အတွက် အကျိုးရှိစေမည်ဟု ထင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ တာဝန် စတင် ထမ်းဆောင်ချိန်မှ ကြုံတွေ့ရသည့် အခက်အခဲများ ၊ ကျန်ရှိသည့် သက်တမ်း အတွင်း ဦးစားပေး ဆောင်ရွက်သွားမည့် အစီအစဉ်များ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကိစ္စမှာ အစိုးရ တာဝန် စတင် ထမ်းဆောင်ချိန်တွင် ကြုံတွေ့ရသည့် အခက်အခဲ ဖြစ်ကြောင်း ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု တစ်ခုတည်း အပေါ် အာရုံစိုက်ရန် မလုံလောက်ဘဲ စီးပွားရေး တင်မက နိုင်ငံရေး အခြေအနေကိုလည်း တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေသည့် အတွက် ပို၍ ကြိုးပမ်း အားထုတ်နေကြောင်း ပြောကြားခဲ့သည်။

အစိုးရ၏ ကျန်ရှိသည့် သက်တမ်းအတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးမှာ ဦးစားပေး ဆောင်ရွက်မည့် အစီအစဉ် ဖြစ်ကြောင်း ၊ ယင်းတို့မရှိဘဲ တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်အောင် မလုပ်နိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ထို့အတူ တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် မြန်မာနိုင်ငံ၏ အနေအထား အပေါ် သဘောထား အမြင်များအား ထည့်သွင်း ပြောကြားခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုမှာ အလားအလာ ကြီးမားသကဲ့သို့ ဆက်စပ်သည့် နိုင်ငံများ အားလုံး အတွက် ပိုမို ကောင်းမွန်သော စီးပွားရေး နှင့် လူမှု ဝန်းကျင် တစ်ခု ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီး၏ တာဝန်သိပြီး ထိရောက် တိုးတက်သော အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်လာနိုင်စွမ်း ရှိသည်ဟု ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.