Connect with us

Politics, Law & Military

မြောင်းမြ တံတားအတွက် အရေးပေါ်ရန်ပုံငွေမှ ကျပ် ခြောက်ဘီလီယံသုံးစွဲမည်

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လင်း လွှတ်တော်၌ တင်ပြရှင်းလင်းစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပြိုကျခဲ့သော မြောင်းမြတံတားအား ၂၀၁၉ မတ်လအကုန်တွင် အပြီး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေမှ ကျပ် ခြောက်ဘီလီယံ သုံးစွဲမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်ကို ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးက မှတ်တမ်းတင်ခဲ့သည်။

“လက်ရှိ အခြေအနေအရ ဒေသခံ ပြည်သူများ လမ်းပန်း ဆက်သွယ်မှု ပြတ်တောက်ပြီး ဇက်ရေ ယာဉ်များဖြင့် သွားလာနေရပါတယ်၊ လျာထားတဲ့ တံတားပုံစံအတိုင်း တည်ဆောင်မည်ဆိုပါက ဒေသခံများ နောက်ထပ် သုံးနှစ်ခန့် သွားလာရေး ခက်ခဲနိုင်မှာကြောင့် တစ်နှစ်အတွင်း လျင်မြန်စွာ တည်ဆောက်နိုင်မယ့် Steel Truss Deck Type အမျိုးအစားဖြင့် ပြောင်းလဲတည်ဆောက်ရန် ဒီဇိုင်း ပြင်ဆင် ရေးဆွဲခဲ့ရပြီး တည်ဆောက်လျက် ရှိပါတယ်၊ တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက် နိုင်ရန် နိုင်ငံတော်မှ အရေးပေါ် ရန်ပုံငွေ ကျပ် ခြောက်ဘီလီယံ တင်ပြ တောင်းခံခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီး ဦးကျော်လင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

လပွတ္တာ – မြောင်းမြ – အိမ်မဲ – ကျောင်းကုန်း – ကျုံပျော် လမ်းပေါ်ရှိ မြောင်းမြ တံတား အသစ်သည် အရှည် ၂၇၂၃ ပေ ရှိပြီး စီမံကိန်း တန်ဖိုးမှာ ကျပ် ၂၅ ဒသမ ၂၅ ဘီလီယံ ရှိကြောင်း၊ ၂၀၁၇ – ၁၈ ဘဏ္ဍာ နှစ်တွင် ကျပ် ၂ ဒသမ ၄ ဘီလီယံ၊ ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ရန်ပုံငွေတွင် ကျပ် ၁ ဒသမ ၅၅ ဘီလီယံတို့ ရရှိခဲ့ပြီး လက်ရှိ အခြေအနေတွင် အရေးပေါ်လိုအပ်ချက်အရ တောင်းခံရ ခြင်း ဖြစ်ကြောင်း၊ ထပ်မံ လိုအပ်သည့် ရန်ပုံငွေ ကျပ် ၁၅ ဒသမ ၃၅ ဘီလီယံကိုလည်း ၂၀၁၈ – ၁၉ ဘဏ္ဍာ နှစ်တွင် တင်ပြ တောင်းခံထားပြီး ဖြစ်ကြောင်းနှင့် တံတား တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ မတ်လ အကုန်တွင် အပြီး တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီး ဦးကျော် လင်းက လွှတ်တော်သို့ တင်ပြခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဒုတိယ ဝန်ကြီးကဆက်လက် တင်ပြသည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်ရှိ ရွှေပြည် – တောင်အင်း – ထုံးကြီးလမ်းပေါ်မှ တောင်အင်းရွာ တံတား အသစ် တည်ဆောက်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် သန်း ခုနစ်ရာ တင်ပြတောင်းခံခြင်းကိုလည်း ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.