Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၉,၆၆၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူရစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၉,၆၆၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ ၁၉း၀၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-ကောင်းခါးသွားကားလမ်း၌ ကို…. မောင်းနှင်လာသော သံသယရှိသည့် Light Truck မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် မော်တော်ယာဉ်၏နောက်ခန်းရှိ ဆာလာအိတ် ၄ အိတ်အတွင်းမှ အိုက်စ် ၈၄ ကီလို ၊ ပီနံအိတ် ၄၈ အိတ်အတွင်းမှ ကဖင်း ၁,၆၈၀ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.