Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ စိတ်ကြွဆေးပြား ၄၇၅,၀၀၀ ပြားဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၄၇၅,၀၀၀ ပြားဖမ်းဆီးရမိခဲ့သည့် ကားအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ စိတ်ကြွဆေးပြား ၄၇၅,၀၀၀ ပြား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၇၅၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့နယ် ရေချမ်းပြင်ဆိပ်ကမ်း၌ ရေချမ်းပြင်မှ အငူမော်သို့ ထွက်ခွာမည့် သစ်ဆန်း ဇက်ရေယာဉ် ပေါ်သို့ တင်ဆောင်မည့် 7C/×××× Toyota Harrier ယာဉ်အား စစ်ဆေးရှာဖွေရန် ယာဉ်မောင်းအား ခေါ်ယူရာလာ ရောက်ခြင်းမရှိဘဲ တိမ်းရှောင်သွားသဖြင့် အဆိုပါယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်မောင်း ထိုင်ခုံရှေ့နှင့် နောက်ထိုင်ခုံအတွင်းတို့မှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် WY စိတ်ကြွဆေးပြား ၃၅ ထုပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ ယာဉ်ဝမ်းဗိုက်ကြမ်းခင်းအံဝှက်အတွင်းမှ WY စိတ်ကြွဆေးပြားထုပ် ၁၅ ထုပ် အား ထပ်မံ တွေ့ရှိ၍ စုစုပေါင်း WY စိတ်ကြွဆေးပြားထုပ် ၅၀ ထုပ် ၄၇၅,၀၀၀ ပြားအား သိမ်းဆည်းရမိ ခဲ့သဖြင့် ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.