Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလိုသိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ICE ၆၆၆ ကီလိုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ ICE ၆၆၆ ကီလို ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ကယနေ့သတင်းထုတ်ပြန်သည်။ 

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၈၀၀ အချိန် လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက် ပါရမီမီးပွိုင့်အနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ 6J/×××× Chevrolet ယာဉ်အား တွေ့ရှိ၍ ရှာဖွေရာ ယာဉ်ခေါင်းခန်းနှင့် နောက်ခန်း အတွင်းတို့မှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် Guanyinwang စာတမ်း ပါ အထုပ် ၄၆၅ ထုပ်ဖြင့်ထည့်ထားသော ICE ၆၆၆ ကီလိုအား သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင် (စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.