Connect with us

Politics, Law & Military

တည်ဆဲကုမ္ပဏီများ နှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော် ချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

တည်ဆဲကုမ္ပဏီများ နှင့် အဖွဲ့အစည်းများ သတ်မှတ်ချိန်အတွင်း ပြန်လည်မှတ်ပုံတင်နိုင်ရန် တိုက်တွန်းနှိုးဆော် ချက် အား ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေ တို့နှင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးသည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ နှင့် အညီ ကျင့်သုံးဆောင်ရွက်သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ် Myco တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်မှ စ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ၆လ ကာလအတွင်း သတ်မှတ်ပုံစံနည်းလမ်းများအတိုင်း ပြန်လည်မှတ်ပုံတင်ကြရန် ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ ၂၀၁၈ အပိုဒ် ၄ (ဂ) တွင် ပြန်လည်မှတ်ပုံတင်ရန်ကာလအတွင်း တည်ဆဲ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုသည် အီလက်ရောနစ် မှတ်ပုံတင်စနစ်တွင် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ ၏ အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါ အကြောင်းကြားစာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီးဖြစ်သည်ဟု ဖော်ပြပါရှိသဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ မတိုင်မီ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ရန် နှင့် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ပါက ဥပဒေပါ ပြဌာန်းချက်အရ မှတ်ပုံတင်စာရင်း မှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.