Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆၉,၂၀၀ ပြား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် ၁၂း၀၀ နာရီ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ မြန်မာပလာဇာရှေ့၌ လမ်းလျှောက်လာသူ ထွဋ်အောင်လွင်(၂၈)နှစ်နှင့် ကြည်ခိုင်(၄၀)နှစ်တို့ ၂ ဦးအား စစ်ဆေးရာ ၎င်းတို့ ၂ ဦးထံမှ WY စိတ်ကြွ ဆေးပြား ၄၀၀ ပြား၊ ဖုန်း ၂ လုံးတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၅း၃၀ နာရီတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်နေ မအေးအေးဝင်း(ခ)စုလှိုင်(၂၈)နှစ်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းအား တွေ့ရှိပြီး ပိုက်ဆံအိတ်နှင့် နေအိမ်အိပ်ခန်း ရှိုးကေ့စ်အတွင်းမှ ပလပ်စတစ်ပုံးဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၁၆၈,၈၀၀ ပြား၊ ဖုန်း ၁ လုံး၊ ငွေ ၆၇,၀၀၀ ကျပ်နှင့်အတူ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ထွဋ်အောင်လွင်(၂၈)နှစ်ပါ ၃ ဦး(ကျား ၂၊ မ ၁)တို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.