Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာနေရာ ၃နေရာ၌ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုပစ္စည်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်အတွင်း သြဂုတ် ၂၂ရက်နှင့် ၂၃ ရက် နှစ်ရက်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာနေရာ ၃နေရာ၌ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် နားပွဲကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၁၀၀၀ ခန့်အကွာသို့အရောက်၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ အိုက်စ်ထည့်သည့်ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒီဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက်ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ထည့်ထား သည့် သံပေပါ ၅၈ လုံး၊ ပေပါအခွံ ၁၁၀ လုံး၊ အိုက်စ် ၁၅၀ လီတာဆံ့ ၁ ပုံးနှင့် မော်တော်ယာဉ် ၁ စီး တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်စဉ် ညနေ ၅ နာရီခန့်တွင် အဆိုပါနေရာ၏ တောင်ဘက် မီတာ ၇၀၀ ခန့် အကွာ၌ ဘိန်းဖြူမှုန့်/ခဲ ၄ ဒသမ ၅ ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၀၀၀ ပြား၊ ဘိန်းမဲအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်ဆစ်အရည်ထည့်ထားသည့် ပေပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဗူး(အကြီး/အသေး)၁၈ ဗူး၊ ဆေးဗူးမျိုးစုံ ၅၉ ဗူးနှင့် CCL တံဆိပ်ပါ အဖြူရောင်အတုံး ၂၀ တုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၃ ရက် နံနက် ၁၀ နာရီခန့်တွင် မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းမှ တိမ်းရှောင်လာသူများဟု သံသယရှိသူများအနက် ပန်ကေတုကျေးရွာအနီးမှ ၁၇ ဦး၊ ဝမ်ဖွန်း ကျေးရွာအနီးမှ ၇ ဦး၊ မက်လန်း ကျေးရွာအနီးမှ ၁၅ ဦး၊ စုစုပေါင်း မသင်္ကာဖွယ် ၃၉ ဦး အား တွေ့ရှိရ၍ သက်ဆိုင်ရာမှ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်ပိန်းကျေးရွာတဝိုက် အသေးစိတ်ထပ်မံ ရှင်းလင်းရှာဖွေခဲ့ရာကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀၀ အကွာ၌ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွဆေးပြားများထည့်ထားသည့် ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ် ဆေးဝါးရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား နမ့်စန်မြို့ရှိ မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.