Connect with us

Politics, Law & Military

လာအိုနိုင်ငံတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ- MOFA)

ရန်ကုန် ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေး ( 49th ASEAN Foreign Ministers Meeting – AMM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် လာအိုနိုင်ငံသို့ယနေ့ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တဆင့် ထွက်ခွာ သွားခဲ့သည်။

ယခု ခရီးစဉ်သည် အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပထမဆုံး အကြိမ် တက်ရောက်သည့် အာဆီယံ အစည်းအဝေး ဖြစ်ပြီး လာအိုနိုင်ငံသို့ဒုတိယ အကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ် တစ်ခု ဖြစ်သည်။
အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုနိုင်ငံ၌ ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက် အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် အစည်းအဝေး ( 49th ASEAN Foreign Ministers Meeting – AMM) နှင့် အခြားသော ဆက်စပ်အစည်းအဝေးများ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ- MOFA)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ (၄၉) ကြိမ်မြောက် နှင့် ဆက်စပ်ကျင်းပမည့်အစည်းအဝေးများမှာ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် သီးခြားစီတွေ့ဆုံလေ့ရှိသည့် အာဆီယံ- တရုတ် ၊ အာဆီယံ-တောင်ကိုရီးယား၊ အာဆီယံ-အိန္ဒိယ ၊ အာဆီယံ-ရုရှား ၊ အာဆီယံ-ကနေဒါ ၊ အာဆီယံ-ဂျပန် ၊ အာဆီယံ-သြစတြေးလျ ၊ အာဆီယံ-အီးယူ၊ အာဆီယံ-အမေရိကန် ၊ အာဆီယံ- နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတို့ကို လည်းကောင်း၊ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တရုတ်-တောင်ကိုရီးယား-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲတွေ့ဆုံလေ့ရှိသည့် 17TH ASEAN Plus Three Foreign Ministers Meeting (APT FMM) ၊ အာဆီယံနိုင်ငံများနှင့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ၊ ဂျပန်၊ ရုရှား၊ သြစတြေးလျ၊ နယူးဇီလန်၊အမေရိကန်နိုင်ငံတို့ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံသည့် 6th East Asia Summit Foreign Ministers Meeting (EAS FMM) ၊ အာရှ နှင့် ပစိဖိတ်ဒေသမှ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည့် 23rd ASEAN Regional Forum (ARF) တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.