Connect with us

Politics, Law & Military

ကျပ်သိန်း ၁၃,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများအားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇူလိုင်၂၄ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နောင်ဖာရဲကင်းရှေ့လမ်းမပေါ်၌ ကျပ်သိန်း ၁၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း
အဖွဲ့သည် ဇူလိုင် ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်စဉ် မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ တုံတာမြို့နေ အားမဲ(ဘ) ဦးအားရဲမောင်းနှင်ပြီး မိုင်းခတ်မြို့နေ လီချေ(ဘ) ဦးလီဘီ လိုက်ပါစီးနင်းလာသော TOYOTA HILUX VIGOအမျိုးအစား ယာဉ်အမှတ်၊ 1I/——အား
စစ်ဆေးရာ ယာဉ်နောက်ခန်း ဘော်ဒီအောက် ကြမ်းခင်းကို နှစ်ထပ်အံဝှက်ပြု
လုပ်၍ သယ်ဆောင်လာသော ပလတ်စတစ် အကြည်ဖြင့် ထုတ်ထားသည့်
အိုက်စ်အဖြူရောင်ပုံဆောင်ခဲ ၅၅ ထုပ်(၅၅ ကီလိုဂရမ်ခန့်) (ကာလတန်ဖိုး ကျပ်သိန်း ၁၃,၇၅၀ ခန့်)ကိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူများအား ကျိုင်းတုံမြို့မရဲစခန်းမှ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.