Connect with us

Politics, Law & Military

သီရိလင်္ကာနိုင်ငံ၏ အကြမ်းဖက် ဖြစ်ရပ်များ အပေါ် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် လုပ်ရပ်များ နှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံ ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ယနေ့ဧပြီ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ချက် တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ရှုတ်ချလျက် အကြမ်းဖက်မှုများ အားလုံးကို ဆန့်ကျင်သည့် ၎င်း၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကလည်း သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတနှင့် ဝန်ကြီးချုပ်တို့ထံသို့ အကြမ်းဖက် ဗုံးဖောက်ခွဲများကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာသေဆုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ခြင်း အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာများကို အသီးသီး ပေးပို့ခဲ့ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

သီရိလင်္ကာနိုင်ငံ ၊ နေရာအချို့၌ ဧပြီ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဗုံးဖောက်ခွဲများကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာသေဆုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.