Connect with us

Politics, Law & Military

အစိုးရသစ် အတွက် ဝန်ကြီးဌာန နှင့် ဝန်ကြီးများ၏ အမည်စာရင်း/အရေအတွက်များကို မတ် ၁၇ ရက် လွှတ်တော် အစည်းအဝေးတွင် တင်ပြမည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် နှင့် အမည် စာရင်း ၊ ပြည်ထောင်စု ဝန်ကြီး ဦးရေ သတ်မှတ်ခြင်းများကို မတ် ၁၇ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်သို့တင်ပြမည် ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ် လျာထားချက်အရ သိရသည်။

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူ ဦးထင်ကျော်က တင်ပြသော ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက် နှင့် အမည် စာရင်း ၊ ပြည်ထောင်စု ဝန်ကြီး ဦးရေ သတ်မှတ်ခြင်းများကို ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်သို့တင်ပြပြီးနောက် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့မတ် ၁၅ ရက်တွင် ပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် နိုင်ငံတော် သမ္မတ အဖြစ် ဦးထင်ကျော် ၊ ဒုတိယ သမ္မတ (၁) အဖြစ် ဦးမြင့်ဆွေ နှင့် ဒုတိယ သမ္မတ(၂) အဖြစ် ဦးဟန်နရီ ဗန်ထီးယူ တို့အား ရွေးချယ်တင်မြှောက်ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၅ ၊ ပုဒ်မ ၂၀၂ တွင် နိုင်ငံတော် သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် (က)ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း ၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်။(ခ) ပြည်ထောင်စု ဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ထို့ပြင် သတ်မှတ် ဦးရေကို တိုးခြင်း ၊ လျှော့ခြင်း ပြုနိုင်သည်ဟု ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.