Connect with us

Politics, Law & Military

တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရအဖွဲ့သဘောထားစုစည်းမှု ပူးတွဲ ကြေညာချက် ထုတ်ပြန်

နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်းဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) ဌာနတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သော NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိခဲ့သည့် သဘောထား စုစည်းမှု ငါးချက်ကို နှစ်ဘက် ပူးတွဲကြေညာချက် အဖြစ် ယနေ့ ညနေပိုင်း၌ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငါးချက်မှာ (က) လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် တိုက်ပွဲများ လျှော့ချနိုင်ရေး အတွက် ညှိနှိုင်း ကြိုးပမ်းကြရန်၊ (ခ) တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေးအတွက် ဆက်လက် ညှိနှိုင်း ကြိုးပမ်းကြရန်၊ (ဂ) ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံ ပြည်သူများ အရေးအတွက် နှစ်ဘက်လုံးက အလေးထား ဆောင်ရွက်ကြရန်၊ (ဃ) အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အရင်းခံ အကြောင်းတရား ဖြစ်သည့် နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း ဖြေရှင်းကြရန် နှင့် (င) နှစ်ဘက် အဆုံးအဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ ပါဝင်သော တွေ့ဆုံ ဆွေးနွေး မှုများ မကြာခဏ ဆက်လက် ပြုလုပ်သွားရန် ဟူ၍ ဖြစ်ကြသည်။

မကြာခဏ ဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရေးအတွက် အနည်းဆုံး နှစ်လ တစ်ကြိမ် ဆွေးနွေးနိုင်ရေး အတွက် အစိုးရဘက်က အဆိုပြုထားကြောင်း NRPC အဖွဲ့ဝင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယနေ့ တွေ့ဆုံပွဲအပြီးတွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

“ဘုံ သဘောတူညီချက်တွေ ရထားပေမယ့် အဓိက ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေ ဥပမာ ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် လက်နက်ကိုင် တိုက်ပွဲတွေ ဘယ်လို လျှော့ချနိုင်မလဲ ဆိုတာကို မြန်မြန် ဆွေးနွေးမှ ရမယ်၊ ဒီလို ဆွေးနွေးဖို့ကလည်း NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက်နေတဲ့ လမ်းကြောင်း ရှိနေ တယ်၊ ဒါမှမဟုတ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၁ ရက် ထုတ်ပြန်ချက် အတိုင်း ဆွေးနွေးလို့ရတယ်၊ လာမယ့် ဧပြီလ ကုန်ရင် အပစ်ရပ် ကာလက ကုန်သွားပြီ။ အခုလို ရှစ်ဖွဲ့လုံးနဲ့ မကြာခဏတွေ့ဆုံ ဆွေးနွေးမှုတွေ ထပ်လုပ်နိုင်ရင် စစ်တိုင်းကြီး ငါးတိုင်းမှာ ကြေညာ ထားတဲ့ အပစ်ရပ် ကာလကို ထပ်ပြီး extension လုပ်နိုင်မယ်၊ အနည်းဆုံး နှစ်လ .. လေးလ ပေါ့၊ ဒါမျိုးတွေ ဖြစ်ဖို့က တွေ့ဆုံ ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ ပြနိုင်ဖို့ လိုပါတယ်၊ အချုပ်ပြောရရင် အဖွဲ့ရှစ်ဖွဲ့လုံးနဲ့ ပထမဆုံး တွေ့ဆုံ ဆွေးနွေးပွဲကနေ ကောင်းမွန်တဲ့ သိသာထင်ရှားတဲ့ သဘောတူ ချက်တွေ ရရှိခဲ့တယ်၊ ဆက်ပြီးတော့လည်း အဖွဲ့လိုက် အဖွဲ့လိုက် ဆက်တွေ့ဖို့တွေ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောခဲ့သည်။

လာမည့် ဧပြီလဆန်းတွင် KIA နှင့် တွေ့ဆုံ ဆွေးနွေးပြီး RCSS၊ SSPP နှင့် တပ်မတော် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်လည်း စီစဉ်လျက်ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ မနက်ဖြန် မတ်လ ၂၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ ့နှင့် တပ်မတော်တို့ အကြားတွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.