Connect with us

Politics, Law & Military

နောင်ချိုမြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ခပ်ခူး(အဆင့်နိမ့်ဘိန်း)များနှင့် ငွေကျပ် ၁,၄၉၀ သိန်း ဖမ်းဆီးရမိ

ငွေများ၊ လက်နက်ခဲယမ်းများ နှင့် ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

နောင်ချိုမြို့နယ်တွင် လက်နက်/ခဲယမ်းများ၊ခပ်ခူး(အဆင့်နိမ့်ဘိန်း)များနှင့် ငွေကျပ် ၁,၄၉၀ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၃ ရက်နေ့ ၁၅း၀၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁၆)ပြင်ဦးလွင်၊မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)၊ မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်ပိုင်း)နှင့် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ၊ ဘန့်ဘွေးရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စု၊ မန္တလေး -လားရှိုးကားလမ်း မိုင်တိုင်အမှတ်(၆၃/၈) နှင့် (၆၄/ဝ)အကြား ညိုလေး(ခ)စံရှင်း၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဝင်းထွန်းအောင်နှင့်အောင်အောင်တို့အား တွေ့ရှိရပြီး စားပွဲခုံပေါ်မှ ခပ်ခူး(အဆင့်နိမ့်ဘိန်း) ၃၀ ဂရမ် ၊ ဘိန်းရှုကိရိယာများ၊ အောင်အောင်၏ ခါးကြားမှ ၉မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၃၇ တောင့် ၊ အိပ်ခန်းရှိပီနံအိတ် အတွင်းမှ ငွေကျပ် သိန်း ၁,၃၅၀ နှင့် မီးခံသေတ္တာအတွင်းမှ ငွေကျပ် သိန်း ၁၄၀ (စုစုပေါင်း ငွေကျပ် သိန်း၁၄၉၀)တို့ကိုလည်းကောင်း၊ ၁၅း၁၅ နာရီ အချိန် ကွတ်ခိုင်မြို့နေသူ နော်ဂျာ(ခ)တူးမိုင်(ခ) ခိုက်ချန် သည် ညိုလေး(ခ)စံရှင်း၏နေအိမ်သို့ရောက်ရှိလာ၍ရှာဖွေရာ ၎င်းထံမှ ၉မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၁၅ တောင့် တို့ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ညိုလေး(ခ) စံရှင်း(၅၇)နှစ်၊ ဝင်းထွန်းအောင်(ခ)အားမီ(၂၄)နှစ်၊အောင်အောင်(ခ)အားတီ(၂၆)နှစ်နှင့် နော်ဂျာ(ခ) တူးမိုင်(ခ)ခိုက်ချန် (၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.