Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ၂၃ နာရီအတွင်း သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သောမော်တော်ယာဉ် ၄၁ စီးအားဖမ်းဆီးခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ၁၈း၀၀ နာရီအချိန်မှ ဇူလိုင်လ ၇ ရက်နေ့ ၁ရး၀၀ နာရီ စုစုပေါင်း (၂၃နာရီ) အတွင်း စုစုပေါင်း မော်တော်ယာဉ် ၄၁ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်းပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

မိုင်တိုင်(၂၀၁) နေပြည်တော် တိုးဂိတ်၌ မော်တော်ယာဉ် ၂၀ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး၊ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီး၊ ပဲခူးမြို့နယ် ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၃ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၇ စီးဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.