Connect with us

Politics, Law & Military

အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)ကို အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်မည်

အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီး အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ခုနှစ်အတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ အာဇာနည်ပြတိုက်အတွင်း လွှတ်တော်ပြတိုက်၊ မြန်မာ့ယဉ်ကျေးမှုပြခန်းများ၊ တိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များနှင့် ပြခန်းများခင်းကျင်းပြသသွားမည်ဖြစ်ပြီး အပြင်ဘက်ဝန်းကို ပြည်သူများဝင်ရောက်နိုင်သော ပန်းခြံအဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)သည် ၁၆ ဧကကျယ်ဝန်းပြီး လက်ရှိ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာ ၃၀ရာခိုင်နှုန်းပြီးစီးလျက်ရှိကြောင်းနှင့် အဆောက်အအုံတစ်ခုလုံးကို ထိန်းသိမ်းပြုပြင်ရာတွင် အခက်အခဲများစွာရှိကြောင်း ၎င်းကဆိုသည်။

” ဒီအဆောက်အအုံကို YHTဆီတင်ပြပြီး ပြုပြင်နေတာပါ၊ ခုလိုပြုပြင်တဲ့လုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၂၁သန်းကုန်ကျနိုင်တယ်” ဟု ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး)အား ၂၀၁၇ခုနှစ်မှ စတင်ပြီး အနော်မာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.