Connect with us

Politics, Law & Military

ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူ နှင့် အတူလက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။-

၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ ၀၀း၃၀နာရီ အချိန် ကလေးမြို့ (၉) မိုင်စစ်ဆေးရေးစခန်း၌ ကလေး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇိုးနွန်ဆန်းငါ(၂၇)နှစ်မောင်းနှင်လာသည့် 6L/xxxx မော်တော်ယာဉ် အားရပ်တန့်စစ်ဆေးရာ ထိုင်ခုံအောက် ဂျပ်ဖာအတွင်းမှ အရှည် ၃ ပေ ၇ လက်မခန့်ရှိ လေသေနတ် ၃ လက်၊ အရှည် ၃ ပေ ၅ လက်မခန့်ရှိ ် လေသေနတ် ၁ လက်၊ စုစုပေါင်း လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀၄း၄၅ နာရီ အချိန်တွင် ဇိုးနွန်ဆန်းငါ အား ကလေးမြို့မရဲစခန်း (ပ)၉၆၅/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.