Connect with us

Politics, Law & Military

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ် လွိုင်လင် မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃ ရက် ၂၁:၄၀ နာရီ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လွိုင်လင်မြို့အထွက်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး သွားကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသောမော်တော်ယာဉ်သည် နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေး၍ လိုက်လံတားဆီးရာ မော်တော်ယာဉ်အား လမ်းဘေးတွင်ရပ်တန့်ထားသည်ကိုတွေ့ရသဖြင့် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ပီနံအိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၄၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.