Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အိမ်ထောင်စုပေါင်း၏ ၅၀ ရာနှုန်းကို ဒီဇင်ဘာ၌ မီးပေးနိုင်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော အိမ်ထောင်စု ၁၀ ဒသမ ၈၈ သန်း အနက် ၅၀ ရာခိုင်နှုန်း၊ အိမ်ထောင် စု ငါးသန်းခွဲခန့်(အိမ်ထောင်စု ၅၄၄၈၇၀၆)တို့ကို ၂၀၁၉ ဒီဇင်ဘာလတွင် လျှပ်စစ်ဓာတ်အား ပေးနိုင်  ပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က အဆိုပါ ဝန်ကြီးဌာန၌ ယနေ့ ကျင်းပသော သတင်းစာရှင်းပွဲတွင် ပြောကြားသည်။

“ဒီဇင်ဘာလမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံးမှာ နောက်ထပ် မီးသုံးသူ အိမ်ထောင်စုပေါင်း ကိုးသောင်းကျော် ထပ်မံပြီး လျှပ်စစ်ဓာတ်အား ရရှိမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ဓာတ်အား ရရှိမှု မှတ်တမ်းအရ ၂၀၁၅ – ၁၆ မှာ အိမ်ထောင်စု ၃ ဒသမ ၇ သန်း ရရှိခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာမှာ အိမ် ထောင်စုပေါင်း ၅ဒသမ ၄၄၈ သန်း ရရှိတော့မှာဖြစ်လို့ လက်ရှိ အစိုးရသစ် လက်ထက် သုံးနှစ်ခွဲ ကာလအတွင်းမှာ အိမ်ထောင်စု ၁ ဒသမ ၇၅ သန်း ထပ်မံ တိုးတက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာ ကြောင့် ပြည်သူ၊ နိုင်ငံတော် အစိုးရနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ရဲ့ အောင်ပွဲတစ်ရပ် အဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် ဖြေကြားစဉ်။(ဆင်ဟွာ)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဥိးသန်းနိုင်ဦး ဖြေကြားနေစဉ်။(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းစာရှင်းပွဲပြုလုပ်နေစဉ်။(ဆင်ဟွာ)

ထိုသို့ အိမ်ထောင်စု ၅၀ ရာခိုင်နှုန်းအား ဓာတ်အားပေးနိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) တွင် ဒီဇင်ဘာ ၁၂ ရက်၊ ၁၃ ရက်များ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှာလည်း ဒီဇင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်းမြန်မာနိုင်ငံတွင် ၂၀၁၉ နိုဝင်ဘာလကုန်အထိ မြို့ စုစုပေါင်း ၄၈၉ မြို့ ရှိသည့်အနက် ၃၆၈ မြို့မှာ ဓာတ်အား စနစ်ဖြင့် လည်းကောင်း၊ ကျန် ၁၂၁ မြို့မှာ Decentralized Grid ဖြင့်လည်းကောင်း၊ ဓာတ်အား ရရှိပြီး ဖြစ်၍ မြို့အားလုံး ဓာတ်အား ရရှိပြီး ဖြစ်ကြောင်း၊ ကျေးရွာပေါင်း ၆၃၂၇၇ ရွာ ရှိသည့်အနက် ၁၅၅၈၀ ရွာ ဓာတ်အားရရှိပြီး ဖြစ်ကြောင်း၊ အစိုးရအသစ် သုံးနှစ်ခွဲကာလအတွင်း ကျေးရွာ ၆၇၃၇ ရွာတို့ကိုဓာတ်အား ရရှိစေအောင် စွမ်းဆောင် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်ဓာတ်အား စနစ် မရောက်နိုင်သေးသော ဒေသရှိ ကျေးရွာများအတွက် ဓတ်အားစနစ် ပြင်ပဖြင့် မီးလင်းရေး ဆောင်ရွက်ခဲ့ရာ ကျေးရွာ ၁၉၄၃၀ ရွာ မီးလင်းပြီး ဖြစ်ကြောင်း လည်း ဒုတိယ အမြဲတမ်း အတွင်းဝန်က ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.