Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၌ ကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ ဒသမ ၃၅ တန် သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ ဒသမ ၃၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၂၈ ရက် မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့ စိုင်းဆန်ခေး မောင်းကာ စိုင်းလှိုင်းပန် လိုက်လာသည့် Nissan ၁၂ ဘီးကားအား ရှာဖွေစဉ် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ ဒသမ ၃၅ တန်၊ မွှေစက်အကြီး ၂ လုံးနှင့် အသေး ၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော ကဖင်းများသည် မဲခေါင်မြစ်ကြောင်းမှတစ်ဆင့် တာချီလိတ်မြို့နယ်သို့ရောက်ရှိပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကွန်ဟိန်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ယင်း ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)များနှင့်အတူဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)