Connect with us

Politics, Law & Military

ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရလျှင် အဂတိတရား ကင်းစင်သော အစိုးရတစ်ရပ် ထူထောင်ပြီး တွေ့ဆုံ ဆွေးနွေးရေးကို ဆက်လက် လုပ်ကိုင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့လျှင် အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ထူထောင်သွားမည် ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေး ဒီမိုကရေစီနည်းကို ဆက်လက် စွဲကိုင်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“အစိုးရက အဂတိတရား မကင်းရင် စီးပွားရေး သမားတွေကလည်း အဂတိတရား ကင်းမှာ မဟုတ်ပါဘူး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်မယ့် အစိုးရကို ထူထောင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ အနိုင်ရခဲ့လျှင် ပါတီက လက်ကိုင် ကျင့်သုံးသည့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ဆိုသည်။

“လေးပွင့်ဆိုင်ကို ၂၀၁၃ ကတည်းက တောင်းခဲ့တာပါ။ ဒီလို တောင်းဆိုရတာကလည်း ရွေးကောက်ပွဲ အေးဆေးတည်ငြိမ်ဖို့၊ မသမာမှုတွေ မရှိဖို့ ပြည်သူတွေ၏ လိုအင်ကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးတယ်ဆို တာ ဒီမိုကရေစီ နည်းအတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆက်လက် စွဲကိုင်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ပြည်တွင်းပြည်ပ မီဒီယာများ (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများ ဖြေကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံခြားရေး မူဝါဒ အောင်အောင်မြင်မြင် ရှိခဲ့ပြီး မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့်လည်း ဆက်ဆံရေး အဆင်ပြေသည့် အပြင် အိန္ဒိယ၊ တရုတ်နှင့် အာရှနိုင်ငံများနှင့်လည်း ဆက်ဆံရေး အဆင်ပြေခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက်လည်း အထက်ပါ ဆက်ဆံရေး အတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကမ္ဘာမှာရှိတဲ့ နိုင်ငံအားလုံးကို မိတ်ဆွေလို ဆက်ဆံမယ်၊ ကျွန်မတို့နိုင်ငံ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်၊ သံတမန်ရေးဆိုတာ သူ့အတွက် ကိုယ့်အတွက် နှစ်ဖက်လုံး အကျိုးရှိနိုင်မယ့် ဆက်ဆံရေးမျိုး ဖြစ်ရပါလိမ့်မယ်၊ အဲဒါကို ဦးတည်ပြီးသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မေးမြန်းမှုအပေါ်” အရင်အစိုးရ လုပ်ခဲ့တာမို့လက်မခံဘူးဆိုတာ မရှိပါဘူး၊ အရင်တုန်းက သွားခဲ့တဲ့ ငြိမ်းချမ်းရေး လမ်းစဉ်မှာ လက်ခံသင့်တဲ့ ကိစ္စတွေရှိရင် လက်ခံမှာပါ၊ ပြောင်းသင့်တဲ့ အပိုင်းတွေကို ပြောင်းမှာပါ”ဟု ၎င်းက ပြန်လည်ေ ဖြကြားခဲ့သည်။
တပ်မတော်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တပ်မတော်၏ လိုအပ်ချက်ကို သိဖို့ အရေးကြီးကြောင်း၊ စီမံကိန်းများနှင့် ပတ်သက်၍ NLD အစိုးရဖြစ်လျင် ပြည်သူလူထုထံ ပွင့်လင်း မြင်သာစွာ ချပြမည် ဖြစ်ကြောင်း စသည့် အကြောင်းအရာ များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ အလွန်ကာလတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရိမ်ဆုံး ကိစ္စမှာ ဘာဖြစ်မည်လဲ မေးမြန်းမှုအပေါ် ၎င်းက ” ရွေးကောက်ပွဲဟာ တည်တည်ငြိမ်ငြိမ်နှင့် ပြည်သူလူထု ဆန္ဒကို အမှန်အတိုင်း ရောင်ပြန်ဟပ်နိုင်ဖို့ ဟာ အလိုလားဆုံး ကိစ္စတစ်ခု ဖြစ်ပါတယ်”ဟု ဖြေကြားသည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) တွင် ယနေ့ နံနက် ၉ နာရီက တစ်နာရီကျော်ကြာ ပြည်တွင်းပြည်ပ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ (Xinhua)