Connect with us

Politics, Law & Military

ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမည့် PACE အဖွဲ့ ကနဦး အစီရင်ခံစာကို ၄၈ နာရီ အတွင်း ထုတ်ပြန်မည် ဟုဆို

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မဲရုံတစ်ခုတွင် ကြိုတင် ဆန္ဒမဲပေးရန် ပြင်ဆင်ထားမှုများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား စောင့်ကြည့် လေ့လာလျက် ရှိသည့် PACE အဖွဲ့သည် ရွေးကောက်ပွဲ ကျင်းပအပြီး ၄၈ နာရီအတွင်း ရွေးကောက်ပွဲ၏ အစီရင်ခံစာကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း PACE အဖွဲ့မှ ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ထံမှ သိရသည်။

ကနဦး အစီရင်ခံစာကို ၄၈ နာရီအတွင်း ထုတ်ပြန်နိုင်ရန် စီစဉ်ထားပြီး ၊ အပြီးသတ် အစီရင်ခံစာကိုမူ တစ်လအတွင်း ထုတ်ပြန်သွားမည်ဟု ဆိုသည်။ မဲရုံများကို စာရင်းအင်း နည်းပညာဖြင့် တွက်ချက်ရသည့် Sample Base Observation (SBO) နည်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ မဲရုံပေါင်း တစ်ထောင်တွင် စောင့်ကြည့် လေ့လာသူ ၂,၀၀၀ ဖြင့် လေ့လာ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက် နေ့များတွင် ကြိုတင် မဲပေးမှုအား ကာလရှည် လေ့လာ စောင့်ကြည့်သူ ၁၃၀ ဖြင့် မြို့နယ် ၁၃၀ တွင် ရွေးကောက်ပွဲ၏ Trend အား စောင့်ကြည့် လေ့လာ သွားမည် ဖြစ်ကြောင်း ဆိုသည်။ (Xinhua)