Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်

The 2016 Harvard Humanitarian of the Year ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင် ဒေးရှင်းက The 2016 Harvard Humanitarian of the Year ဆု ချီးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ ဆုကို စက်တင်ဘာလ ၁၇ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဟားဗတ်ဖောင်ဒေးရှင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ချီးမြှင့်မည်ဖြစ်သည်။

ဟားဗတ်တက္ကသိုလ်၊ ဟားဗတ်ဖောင်ဒေးရှင်းအနေနှင့် နှစ်စဉ် The Harvard Humanitarian of the Year ဆုကို ချီးမြှင့်လာခဲ့ပြီး လူသားတို့၏ ဘဝနေထိုင်မှုများ တိုးတက်လာရန်၊ ကောင်းမြတ်သော ကျင့်ကြံမှုများကို အားကျလေးစားလာရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို ရွေးချယ် ချီးမြှင့် ပေးသည့် ဆုဖြစ်သည်။

Harvard Humanitarian of the Year ဆု ကို မာတင်လူသာကင်းစီနီယာ၊ ဒက်စ်မွန်တူးတူး၊ ဘင်ယာမင်ဟုခ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ချီးမြှင့်ခဲ့သည်။

၂၀၁၃ ခုနှစ်၌ မာလာလာ၊ ၂၀၁၄ ခုနှစ်၌ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ၂၀၁၅ ခုနှစ်တွင် နိုဗယ်လ်ဆုရှင် Kailash Satyarthi စသည်တို့ရရှိခဲ့ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက နိုဗယ်လ်ဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရရှိမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.