Connect with us

Politics, Law & Military

ငါးလတာ ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန်ငွေကျပ် ၁ဝ ဘီလီယံ ကောက်ခံရရှိ

ရန်ကုန်မြို့ရှိတိုက်ခန်းတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

၂ဝ၁၆ – ၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလတာ ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန်ငွေကျပ် ၁ဝ ဘီလီယံ ကောက်ခံရရှိ ထားကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ အခွန်ငွေကျပ် ၁ဝ ဘီလီယံတွင် အိမ်ခြံမြေ အရောင်းအဝယ် လုပ်ခြင်းတို့မှ ဝင်ငွေခွန် ငွေကျပ် ၄ ဘီလီယံနှင့် တံဆိပ်ခေါင်းခွန် ငွေကျပ် ၆ ဘီလီယံ ကောက်ခံရရှိ ထားပြီး အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်ပါက သက်ဆိုင်ရာ အခွန်ရုံး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ် ပေးထားသည့် အခွန်နှုန်းထားများ အတိုင်း တန်ဖိုးဖြတ်ပြီး အခွန်ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်သည့် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ ဝင်ငွေရလမ်း တင်ပြနိုင်ပါက အိမ်ခြံမြေ ဝယ်ယူရာတွင် အခွန်ပေးဆောင် ရန်မလိုတော့ဘဲ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိမှသာ တစ်ကျပ်မှ ငွေကျပ် သိန်း ၁ဝဝဝ အထိ အခွန် ၃ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁ဝဝဝ ကျော်မှ သိန်း ၅ဝဝဝ အထိ ၅ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၅ဝဝဝ ကျော်မှ သိန်း ၁ဝဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ငွေကျပ် သိန်း ၁ဝဝဝဝ ကျော်မှ သိန်း ၁၅ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်းနှင့် ငွေကျပ် သိန်း ၁၅ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။

ထို့ပြင် အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်သည့် ငွေကြေးနှင့် ကိုက်ညီသော တံဆိပ်ခေါင်း ကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်း မကပ်ဘဲ ချုပ်ဆိုထားသည့် စာချုပ်များသည် တရားဥပဒေအရ အကျုံးဝင်ခြင်း မရှိဘဲ စစ်ဆေး တွေ့ရှိပါက သတ်မှတ် တန်ဖိုး၏ ၁ဝ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။

အိမ်ခြံမြေ အခွန်နှုန်းထား များကို တစ်နှစ်တစ်ကြိမ် ပြောင်းလဲရေးဆွဲ သတ်မှတ်ထား သော်လည်း ယခုနှစ်တွင် ၂ဝ၁၅ ခုနှစ်က သတ်မှတ်ထားသည့် နှုန်းထားများ အတိုင်းသာ အိမ်ခြံမြေ အခွန် စည်းကြပ်မည် ဖြစ်ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.