Connect with us

Politics, Law & Military

မန္တလေးမြို့ရှိ UAB ဘဏ်အား သေနတ်ကိုင်ဆောင်ထားသူ တစ်ဦး ဓားပြတိုက်ကာ ကျပ်သိန်း(၂၀၀)ခန့် ယူဆောင်

ယနေ့ မန္တလေးမြို့တွင် ဓါးပြတိုက်ခံရသော UAB ဘဏ်အား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်  ၆၂လမ်းပေါ်ရှိ UAB ဘဏ်ခွဲတစ်ခုဖြစ်သော မန္တလေး(စက်မှုဇုန်) ဘဏ်ခွဲတွင် ယနေ့( အောက်တိုဘာ ၁၅ ရက်) ညနေပိုင်းက သေနတ်ကိုင်ဆောင်ထားသူတစ်ဦး လာရောက်ဓါးပြတိုက်ပြီး ကျပ် သိန်း၂၀၀ခန့် ယူဆောင်သွားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

” ဘဏ်ပိတ်ခံနီးအချိန် သေနတ်ပါတဲ့ တစ်ယောက် ဝင်လာပြီး လုယက်တယ်လို့ ကနဦးသတင်းရထားတယ်၊ တာဝန်ရှိသူတွေ ဘဏ်မှာ စစ်ဆေးမှုတွေလုပ်နေတယ်၊ အသေးစိတ်တော့ သတင်းထပ်မတက်သေးဘူး”ဟု ၎င်းကဆိုသည် ။

ယနေ့ မန္တလေးမြို့တွင် ဓါးပြတိုက်ခံရသော UAB ဘဏ်အား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ် (ဆင်ဟွာ)

အဆိုပါ ဘဏ်ဓါးပြတိုက်သူသည် ကားဖြင့်လာရောက်ကာ ဘဏ်အတွင်း ဓါးပြဝင်ရောက်တိုက်ပြီး ကားဖြင့်ပြန်လည် ထွက်ပြေးသွားကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ ဘဏ်ဓါးပြတိုက်သော တရားခံနှင့် ပတ်သတ်ပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် အသေးစိတ်
ဖြေကြားမှု မရသေးကြောင်း ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.