Connect with us

Science & Technology

ကရင်ပြည်နယ် ကမမောင်းမြို့ပေါ်ရပ်ကွက်များသို့ ၂၄ နာရီ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ပေး

လျှပ်စစ်တာဝါတိုင်များအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်နယ်အစိုးရ၏ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော (၃၃ ကေဗွီ) ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ၊ ၄၀၀ဗို့ ဓာတ်အားလိုင်းနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်များသို့ ဇူလိုင်လ ၁၈ ရက်နေ့ ည(၇)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့(၂၄)နာရီ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယခင်က ကမမောင်းမြို့ပေါ်၌ ဒီဇယ်အင်ဂျင် ၃၀၀ ကေဗွီဖြင့် တစ်ညလျှင်(၃)နာရီသာ လျှပ်စစ်မီး ရှိခဲ့ပြီး ယခုအခါ အိမ်သုံးလျှပ်စစ်မီတာ တပ်ဆင်ပြီးစီးထားသော အိမ်များမှာ(၂၄)နာရီ လျှပ်စစ်မီးရရှိနေကြပြီ ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၁၁- ကေဗွီ)ဓာတ်အားလိုင်း များဖြင့် ပတ်ဝန်းကျင်ကျေးရွာ များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေး လုပ်ငန်း၊ ကမမောင်းမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ “အလင်းရောင်စီမံချက်” One Stop Service(OSS)စနစ်ဖြင့် လျှပ်စစ်မီတာ လျှောက်ထားကြသော အိမ်ထောင်စုများအား လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အိမ်သုံးမီတာများ ကို နေ့ချင်းပြီး လိုက်လံတပ်ဆင်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.