Connect with us

Science & Technology

ဆက်သွယ်ရေး အော်ပရေတာ သစ်အတွက် အများပိုင် ကုမ္ပဏီကို ပြည်တွင်း အများပိုင် ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်

တယ်လီဖုန်း အသုံးပြုနေသူ တစ်ဦးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေး အော်ပရေတာ သစ်အတွက် အများပိုင် ကုမ္ပဏီ တစ်ခုကို ပြည်တွင်းရှိ အများပိုင် ကုမ္ပဏီ ၁၁ ခုနှင့် ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆိုပါ အများပိုင် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်း အတွက် မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်တွင် ခွင့်ပြုချက် ရရှိရန် တင်ပြ ထားပြီး ဖြစ်ကြောင်း ၊ ဆက်သွယ်ရေး အော်ပရေတာ သစ်အတွက် ရွေးချယ် ထားသော ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခုအပြင် ပြည်ပမှ ကုမ္ပဏီများနှင့်လည်း ပူးပေါင်း၍ လုပ်ဆောင်မည် ဖြစ်ပြီး ယခုအခါတွင် ပြည်ပမှ ကုမ္ပဏီ ရွေးချယ်ခြင်းကို လုပ်ဆောင်လျက် ရှိကြောင်း သတင်း ထုတ်ပြန် ချက်ထဲတွင် ပါရှိသည်။

အဆိုပါ အော်ပရေတာ အသစ်အတွက် အထူး လုပ်ငန်း ကုမ္ပဏီ ဖွဲ့စည်းရန် ပြည်တွင်း အများပိုင် ကုမ္ပဏီ ၁၇ ခုက တင်ဒါ လျှောက်ထား သော်လည်း အများပိုင် ကုမ္ပဏီ အရည်အချင်း သတ်မှတ်ချက်များနှင့် မပြည့်မီခြင်း၊ တင်ဒါပါ အချက်အလက်များ နှင့် ကိုက်ညီမှု မရှိခြင်း တို့ကြောင့် ကုမ္ပဏီ ခြောက်ခုကို ပယ်ထားခဲ့ရကြောင်း သိရ သည်။

ရွေးချယ်ထားသည့် ပြည်တွင်း အများပိုင် ကုမ္ပဏီများ၏ မတည် ရင်းနှီးငွေမှာ အနည်းဆုံး ကျပ်ငွေ သုံးဘီလီယံ အထိရှိရ မည်ဖြစ်ပြီး စတုတ္ထမြောက် အော်ပရေတာ အဖြစ် လုပ်ကိုင်မည့် ကုမ္ပဏီတွင် အစိုးရ အနေဖြင့်လည်း ရှယ်ယာ တစ်ခု ထည့်ဝင်ကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.