Connect with us

Science & Technology

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် လာမည့် ၇ နှစ်အတွင်း ပြီးစီးနိုင်မည်ဟု အကြမ်းဖျင်း လျာထား သတ်မှတ်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် ပုံစံငယ် အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တည်ဆောက်ရန် တင်ဒါ ခေါ်ယူမှုများ ပြုလုပ်ခဲ့ပြီး မှုလက ၂၀၁၈ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းခဲ့သော်လည်း ယခုအခါ လာမည့် ၇ နှစ်အတွင်း ပြီးစီးနိုင်မည်ဟု အကြမ်းဖျင်း လျာထား သတ်မှတ်ထားကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လေဆိပ် တည်ဆောက်မှုကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု အကြမ်းဖျင်း လျာထား သတ်မှတ်ထားပြီး ယခုအခါ တင်ဒါ ပြန်လည် ခေါ်ယူခဲ့ခြင်း ၊ တင်ဒါအောင် ကုမ္ပဏီမှ ချေးငွေ ရယူမှု ဆိုင်ရာများ ညှိနှိုင်း ဆွေးနွေးမှုများ နောက်ဆုံး အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ကွင်း ရှိပြီး ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေးတို့မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ဖြစ်ပြီး ကွင်း ၃၀ မှာ ပြည်တွင်း လေဆိပ်များ ဖြစ်၍ လုပ်ငန်း လည်ပတ်နေသည့် ကွင်းများ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.