Connect with us

Science & Technology

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စမတ်ဖုန်း OPPO Neo 7 ကို နိုဝင်ဘာလ၊ စတုတ္ထပတ်တွင် စတင် ရောင်းချမည်

OPPO စမတ်ဖုန်း အသုံးပြုသူတစ်ဦး အားတွေ့ရစဉ် (ဓာတ်ပုံ- OPPO Website)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် စမတ်ဖုန်း OPPO Neo 7 ကို နိုဝင်ဘာလ၊ စတုတ္ထပတ် ကစပြီး ရန်ကုန်၊ မန္တလေး မြို့များရှိ ပြခန်းများနှင့် မြန်မာနိုင်ငံ အတွင်းရှိ မည်သည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် မဆို ကျပ် ၁၉၉,၀၀၀ ဖြင့် တပြေးညီ ဈေးနှုန်းနှင့် ဝယ်ယူ ရရှိနိုင်မည် ဖြစ်ကြောင်း OPPO Myanmar က နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် သတင်း ထုတ်ပြန် လိုက်သည်။

၅ လက်မ screen အပြင် အဆင့် မြှင့်တင်ထားသော အရှေ့ဘက် ကင်မရာနှင့် 16GB ROM ဖြင့် သုံးနိုင်မည် ဖြစ်ပြီး၊ OPPO မြန်မာနိုင်ငံက 3G ဗားရှင်းဖြင့် မိတ်ဆက်ပေးမည့် OPPO Neo 7 တွင် ပါဝင်သောmirror surface သည် လိုအပ်သလို ဖြုတ်နိုင် တပ်နိုင်ပြီး optical coating နည်းပညာနှင့် fiber glass ကို အသုံးပြု ထားကြောင်း သိရသည်။

၎င်းဖုန်း၏ ကျောဘက်ကို coating အလွှာ ၁၃ ခု ဖြင့် ပြုလုပ်ထားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)