Connect with us

Science & Technology

မြန်မာနိုင်ငံ အတွင်းရှိ ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ရက်အား KBZ Gateway ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ရရှိ

ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းသုံး ဂြိုဟ်တု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

KBZ ကုမ္ပဏီ လုပ်ငန်းစု ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သော KBZ Gateway ကုမ္ပဏီ လီမိတက် သည် JUPITER™ System အား မြန်မာနိုင်ငံ အတွင်းရှိ ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ရက်အား ကျယ်ပြန့်စွာ အသုံးပြု နိုင်စေရေး အတွက် ရွေးချယ် လိုက်ကြောင်း KBZ ကုမ္ပဏီ လုပ်ငန်းစုမှ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

Hughes Network Systems ခေါ် LLC (Hughes) သည် တစ်ကမ္ဘာလုံး ဆိုင်ရာ ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ရက် အဖြေ ရှာဖွေခြင်းနှင့် ဝန်ဆောင်မှု ပေးခြင်း လုပ်ငန်းဖြစ်ပြီး ၎င်းလုပ်ငန်းမှ ဤစနစ်အား အကောင် အထည် ဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဆောက်လုပ် အကောင်အထည် ဖော်နေဆဲ ဖြစ်သော အဆိုပါ စီမံကိန်းတွင်၊ JUPITER မြေပြင် စခန်းမှ gateways များဖြင့် ထိန်းချုပ် သွားမည် ဖြစ်ပြီး အဝေးထိန်း မော်နီတာ စနစ်သည် Ku-(minus) နှင့် C-(minus) ပတ်လမ်းရှိ ဂြိုလ်တု ဆက်သွယ်ရေး များနှင့် ချိတ်ဆက်ကာ လုပ်ငန်းစုများ၊ ဝယ်ယူ သူများနှင့် မြန်မာ နိုင်ငံ တစ်ဝန်းလုံးရှိ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများသို့ ဆက်သွယ် ချိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.