Connect with us

Social

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့မီးရထားက ကုန်စည်တန်ချိန် နှစ်သန်းကျော် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့

ရန်ကုန်ဘူတာကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ့မီးရထားသည် ကုန်စည်တန်ချိန် နှစ်သန်းကျော် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မြန်မာ့မီးရထား စီးပွားရေးဌာနမှ သိရသည်။

မြန်မာ့မီးရထား စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဒီနှစ်တစ်နှစ်လုံးမှာ တန်ချိန်နှစ်သန်းကျော် ကုန်စည်တင်ပို့နိုင်ခဲ့ပါတယ်။ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကလည်းပြုပြင်နေတော့ ရထားနှစ်လမ်းရှိတာ တစ်လမ်းကိုဖြုတ်လိုက်ရတယ်။ ကားလောက်တော့ကုန်စည်မတင်ပို့နိုင်ဘူးပေါ့ ” ဟု ဆင်ဟွာသို့ အောက်တိုဘာ ၂၁ ရက်တွင်ပြောကြားသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းတို့၌ ကုန်စည်များပို့ဆောင်ရာတွင် ပုံမှန်အားဖြင့် ကုန်မြန်ရထားငါးစင်း၊ ကုန်နှေးရထား ခြောက်စင်းဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်းသည် ကုန်စည်ပို့ဆောင်မှုပုံမှန်ထက် နည်းနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.