Connect with us

Social

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း သိမ်ဖြူလမ်းပေါ်၌ ယနေ့စတင် ဖွင့်လှစ်


ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

အပတ်စဉ် စနေ-တနင်္ဂနွေ နေ့တိုင်း ဖွင့်လှစ် ရောင်းချမည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား အနော်ရထာလမ်း နှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်၌ ယနေ့ဇန်နဝါရီ ၇ ရက်မှ စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်သူများ စာပေ အသိပညာ ထွန်းကားပြန့်ပွား တိုးတက်စေရန် ယခုကဲ့သို့ဖွင့်လှစ်ခြင်း ဖြစ်ပြီး စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းတွင် စာအုပ်(အသစ် ၊ အဟောင်း) ဆိုင်ခန်းပေါင်း ၁၀၀ ခန့်ပါဝင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။စနေ၊တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ် ဈေးရောင်းပွဲကို ဧပြီလအထိ အပတ်စဉ် စနေ၊တနင်္ဂနွေ နေ့တိုင်း သုတ၊ရသ နှင့် ဘာသာရပ်မျိုးစုံ စာအုပ်စာပေ (အသစ်၊အဟောင်း) ကို နံနက် ၉ နာရီ မှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ရာ မည်သူမဆို လာရောက် ကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရသည်။

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းတွင် ကြည့်ရှူအားပေးသူများအား တွေ့ရစဉ်(ဆင်ဟွာ)

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းတွင် ကြည့်ရှူအားပေးသူများအား တွေ့ရစဉ်(ဆင်ဟွာ)

စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းတွင် ကြည့်ရှူအားပေးသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုစနေ၊ တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးရောင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)