Connect with us

Social

စားသောက်ဆိုင် များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် ကပ်ရန်မလိုက်နာသည့် စားသောက်ဆိုင်စာရင်းကြေညာမည်

အခွန်တံဆိပ်ခေါင်းကပ်ထားသည့်ပြေစာအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စားသောက်ဆိုင် များ၏ ငွေရှင်းပြေစာ များတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ညွှန်ကြားထား သော်လည်း မလိုက်နာဘဲ လေးကြိမ်နှင့် အထက် ဒဏ်ကြေး ပေးဆောင် ရသည့် စားသောက်ဆိုင် များ စာရင်းကို ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ယခု ဘဏ္ဍာနှစ်အစ ဧပြီလမှ စက်တင်ဘာ လလယ်အထိ ငါးလကျော် ကာလအတွင်း အခွန်ပြေစာ အမှတ်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂ဝ၆ ဆိုင်မှ ဒဏ်ကြေး ငွေကျပ် ၃၁ သန်း ရရှိထားပြီး အကြိမ်ကြိမ် ဒဏ်ရိုက် ခံရသော စားသောက်ဆိုင် များသည် ကျသင့် ကုန်သွယ် လုပ်ငန်းခွန် အတိုင်း တံဆိပ်ခေါင်း အပြည့်အဝ မကပ်ခြင်းနှင့် ငွေရှင်းပြေစာ တွင် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံထား သော်လည်း အခွန်တံဆိပ် လုံးဝ မကပ်ခြင်းများ ကြောင့် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ငွေရှင်းပြေစာတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်း များကို ယခုဘဏ္ဍာနှစ် ကစ၍ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၃၂ အရ တရားစွဲဆိုမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်မည် ဖြစ်ကာ ယင်းသို့ တရားစွဲဆို နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို စောင့်ဆိုင်း နေကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် အခွန်တံဆိပ် မကပ်သည့် စားသောက်ဆိုင် ၂၆၄ ဆိုင်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ကြေးငွေ ငွေကျပ် သိန်း ၇၂ဝ ကျော် ရရှိခဲ့ကြောင်း၊ အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရန် တစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် နှစ်သိန်း၊ နှစ်ကြိမ် ပျက်ကွက် ပါက ငွေကျပ် ငါးသိန်း၊ သုံးကြိမ် ပျက်ကွက် ပါက ငွေကျပ် ခုနစ်သိန်းနှင့် သုံးကြိမ်နှင့် အထက် ပျက်ကွက်ပါက ငွေကျပ် ၁ဝ သိန်းအထိ ဒဏ်ရိုက်ရန် ကုန်သွယ် လုပ်ငန်းခွန် ဥပဒေတွင် ပြဋ္ဌာန်း ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.