Connect with us

Social

ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာတွင် ရှေးဟောင်း အဆောက်အအုံ ၁၁ လုံး ကိုထည့်သွင်းဖော်ပြထား

ရှေးဟောင်း အဆောက်အအုံတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- YHT)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust- YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာတွင် ရေတို၊ ရေရှည် စီမံကိန်းများ နှင့်အတူ ပြန်လည်ပြင်ဆင် အသုံးပြုနိုင်မည့် ရှေးဟောင်း အဆောက်အအုံ ၁၁ လုံး ကို ထည့်သွင်းဖော်ပြ ထားကြောင်း သိရသည်။

ယင်း အဆောက်အအုံ ၁၁ လုံးတွင် ယခင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရုံး၊ ဝဇီရာ ရုပ်ရှင်ရုံ၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ အနောက်ပိုင်း ခရိုင် တရားရုံးနှင့် ပင်စင် ဦးစီးဌာန၊ ယခင် အမေရိကန်သံရုံး၊ ဘော့သဇာ အဆောက်အအုံ၊ မြန်မာ့ စီးပွားရေး ဘဏ်ခွဲ(၂) ၊ ယခင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းရုံး၊ လေမှုတ်စက်ရုံ၊ အစိုးရ ပုံနှိပ်စက်နှင့် စာပေဗိမာန် တို့ကို ဖော်ပြထားသည်။

ထို့ပြင် ကြားဖြတ် အစီအမံများ၊ ထောက်ပံ့မှု ရရှိရေးနှင့် အသိပညာ ပေးမှု လုပ်ဆောင်ရေး၊ ရေရှည်အတွက် စည်းမျဉ်း၊ မူဘောင်များ ချမှတ်ရေး ဟူသည့် မဟာဗျူဟာ သုံးရပ်ကို ရှင်းလင်းတိကျစွာ ဖော်ပြထားပြီး ကြားဖြတ် အစီအမံများတွင် အမွေအနှစ် အဆောက်အအုံ များဖြိုဖျက်ခြင်း ကို တရားဝင် ရပ်တန့်ခြင်း၊ အများပိုင် နေရာများကို ဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း နှင့် ပြည်သူများ အတွက် အသုံးပြုခြင်း ကဲ့သို့ နည်းလမ်းများ ပါဝင်ကြောင်း သိရသည်။

ထောက်ပံ့မှုနှင့် အသိပညာ ပေးမှုတွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က လုပ်ဆောင်သည့် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း၊ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ များတွင် လမ်းလျှောက် လေ့လာရေး ခရီးစဉ်နှင့် ဆွေးနွေးပွဲများ ကဲ့သို့ ဆောင်ရွက်မှု များကိုလည်း လုပ်ဆောင်သ င့်ကြောင်း ဖော်ပြထားပြီး ရေရှည် အတွက် စည်းမျဉ်းနှင့် မူဘောင်များ ချမှတ်ရန် မဟာဗျူဟာတွင် မြို့ပြ အမွေအနှစ် ဆိုင်ရာ ဥပဒေများကို သုံးသပ်ခြင်း နှင့် ရန်ကုန်ဆိပ်ကမ်း နှင့် ဘူတာကြီး တို့ကို အကြီးစား ပြင်ဆင် ထိန်းသိမ်းခြင်း ကဲ့သို့ လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ မဟာဗျူဟာ စာတမ်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လက်ခံရရှိ ထားပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.