Connect with us

Social

တောဆင်ရိုင်းများ နှောင့်ယှက်ခြင်း ဖြစ်ပေါ်လာပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ် တောဆင်မောင်းအဖွဲ့မှ ဆောင်ရွက်ပေးမည်

တောတွင်းရှိဆင်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ သီးနှံစိုက်ခင်းများ ဖျက်ဆီးခြင်းများ ဖြစ်ပေါ်လာပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ် တောဆင်မောင်းအဖွဲ့ (Emergency Elephant Return Unit-EERU) ဖြင့်တောဆင်များကို မူလစားကျက်အတွင်း သို့ပြန်လည်စေလွှတ် ဆောင်ရွက်ပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအခါ သစ်တောပြုန်းတီးမှုများ၊ လူများ၏မြို့ရွာဒေသတိုးချဲ့ လာမှုကြောင့် တောတွင်းတိရစ္ဆာန်များ ၏စားကျက်များ လျော့ပါးလာသဖြင့် သားရဲတိရစ္ဆာန်များမှာ လူနေဒေသများသို့ ဝင်ရောက်မှု များရှိလာခဲ့ကြောင်း သိရသည်။

လူများနေထိုင်ရာသို့ အများဆုံး ရောက်ရှိလာသည့် တောရိုင်းတိရစ္ဆာန်များမှာ ဆင်များဖြစ်သည်။ ထို့ကြောင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် လူနှင့်တောဆင်ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် ကျေးရွာများတွင် တောဆင်များဝင်ရောက်ကာ စိုက်ပျိုးထားသောသီး နံှစိုက်ခင်းများသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ ကျေးရွာအနီးတွင် ဆင်မုဆိုးကဲ့သို့ သံသယဖြစ်ဖွယ် လူစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ များထံသို့ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်မည့် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးထားပြီး သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.