Connect with us

Social

ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၌ ပန်းပွဲတော် ကျင်းပရန်စီစဉ်

ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၌ ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ ပန်းပွဲတော် ကျင်းပရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ် ကျင်းပမည့် ပန်းပွဲတော် သည် (၁၁) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည် အများအပြား လာရောက် လိမ့်မည်ဟု မျှော်မှန်း ထားကြောင်းသိရသည်။

ယခုအခါ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒဥယျာဉ်၌ ကျင်းပမည့် ပန်းပွဲတော် အတွက် သစ်ပင်ပန်းမန် များကို အလှဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်း များအပြင် တခြားပြင်ဆင် မွမ်းမံခြင်း များလည်း စတင်စီစဉ် ဆောင်ရွက်နေပြီး ဒေသထွက်ကုန် ပစ္စည်းများ၊ ဆွယ်တာ အနွေးထည်များ၊ လက်မှု ပစ္စည်းများနှင့် တခြား အမှတ်တရ ပစ္စည်းများ ပြသရောင်းချမည့် အရောင်း ဆိုင်ခန်းများ ဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၁ဝဝ ခန့် သက်တမ်းရှိပြီ ဖြစ်သော ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်ကို တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားကြောင်း၊ ကန်တော်ကြီး အမျိုးသား ရုက္ခဗေဒ ဥယျာဉ်၏ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ ၄၃၇ ဧက ခန့်ရှိကြောင်း၊ နှစ်စဉ် ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်ဦးရေ သန်းနှင့်ချီ၍ လာရောက် အပန်းဖြေလေ့ရှိပြီး ကမ္ဘာ ပေါ်၌ ထင်ရှားကျော်ကြား သော ရုက္ခဗေဒ ဥယျာဉ်တစ်ခု ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းတစ်ရပ်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.