Connect with us

Social

ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ လဲလှယ်ရေးစီမံချက် ၂၀၁၇ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်

ဟောင်းနွမ်းစုတ်ပြဲသည့် ပိုက်ဆံများအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ ပပျောက်စေရန် ငွေစက္ကူ လဲလှယ်ပေးသည့် စီမံချက် သက်တမ်းကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ တိုးမြှင့်ခွင့်ပြု ထားကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ လဲလှယ်ခွင့်ကို တစ်ကျပ်တန်မှ စတင်ကာ ကျပ် ၅ဝဝဝ တန်အထိ လဲလှယ် ပေးနိုင်ရန် နိုင်ငံပိုင်ဘဏ် များသို့ ဗဟိုဘဏ် က ညွှန်ကြားထားကြောင်း၊ ထို့ပြင် ငွေတစ်ကျပ်တန်မှ ကျပ် ၅ဝဝဝ တန်အထိ ထက်ပိုင်းပြတ် နေသည့် ငွေစက္ကူ နှစ်ခုအား ဆက်ထားပါက ငွေစက္ကူနှစ်ခု တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဖြေလျှော့၍ လဲလှယ်ပေးရန်၊ ထို့ပြင် ငွေစက္ကူ၏ မျက်နှာစာ တစ်ဖက်တွင် အင်္ဂလိပ် သို့မဟုတ် မြန်မာ အက္ခရာနှင့် ဂဏန်း အပြည့်အစုံ ပါရှိပြီး မျက်နှာပြင် ဧရိယာသည် သုံးပုံနှစ်ပုံ ထက် မငယ်သည့် ငွေစက္ကူများ အပြင် ထက်ဝက်ကျော်သည့် ငွေစက္ကူများ ကိုပါ လက်ခံလဲလှယ် ပေးရန်တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကျပ် ၅ဝဝဝ တန် ငွေစက္ကူ များသည် အစစ်အမှန် ဖြစ်ပြီး ဟောင်းနွမ်း၊ စုတ်ပြဲ၊ ဆီစွန်း၊ ဓာတ်ဆီ၊ ဆိုးဆေးစွန်း နေသော်လည်း ထက်ဝက်ထက် ကျော်သည့် ငွေစက္ကူများကို ကျောဘက်တွင် စက္ကူ၊ တိပ်ကပ် စရာမလိုဘဲ လက်ခံလဲလှယ် ပေးရန် ညွှန်ကြား ထားကြောင်း၊ ထို့ပြင် မီးလောင်၊ ခြကိုက်၊ ဆွေးမြည့် စသည့်ငွေ စက္ကူများကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၌သာ လဲလှယ်နိုင် သည့်အတွက် ဘဏ်သို့ လာရောက် လဲလှယ်ပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ထောက်ခံချက် မူရင်း၊ သန်းခေါင်စာရင်း နှင့် မှတ်ပုံတင် မိတ္တူများ ပူးတွဲ၍ လျှောက်ထား နိုင်ကြောင်း သိရသည်။

လျှောက်ထားရာတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ တို့ရှိ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ခွဲများသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ ဆောင်ရွက် နိုင်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြည်သူလူထု လက်ဝယ်ရှိသော ဟောင်းနွမ်း၊ စုတ်ပြဲ နှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ လျော့နည်း ပပျောက်စေရန် ရည်ရွယ်၍ လဲလှယ်ပေးခြင်း ကို ၂ဝဝ၉ ခုနှစ် သြဂုတ် ၃ ရက်မှစတင်ကာ ဗဟိုဘဏ် ငွေလဲကောင်တာ များနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေး ဘဏ်များ၌ စီမံချက်ဖြင့် စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တောင်သူများ အတွက် စိုက်ပျိုးရေး စရိတ်ချေးငွေ ပြန်ဆပ်သည့် အခါတွင် ယင်းသို့ ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းမှုရှိသော ငွေစက္ကူများ ပါဝင်ပါက လဲလှယ်ပေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.