Connect with us

Social

ယာဉ်သွားလာမှု များပြားသော လမ်းကြောများ၌ အချိန်အလိုက် မီးပွိုင့်များကို ချိန်ညှိရန် စီစဉ်

ရန်ကုန်မြို့အတွင်း ယာဉ်များ သွားလာနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်သွားလာမှု များပြားသော လမ်းကြောများရှိ မီးပွိုင့်များ၌ ယာဉ်သွားလာမှု များပြားသည့်အချိန်ကို ချိန်ညှိ၍ လမ်းကြောင်း ရှင်းလင်းစေရေး ထိန်းချုပ်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် အဆိုပါ အစီအစဉ်ကို စီစဉ်ခြင်းဖြစ်ပြီး နံနက် ၅ နာရီမှ ည ၇ နာရီခွဲ၊ ည ၁၂ နာရီမှ နံနက် ၅ နာရီ၊ ည ၇ နာရီခွဲမှ ည ၁၂ နာရီ စသည်ဖြင့် အချိန်များ ပိုင်းခြား၍ မီးအစိမ်းပေးမှုကို ယာဉ်သွားလာမှု များပြားသော လမ်းကြောများနှင့် လမ်းဆုံမီးပွိုင့်များတွင် ဦးစားပေး လုပ်ဆောင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊တံတား) နှင့် ပူးပေါင်း စီစဉ်ထားကြောင်း သိရသည်။

ယင်း အချိန်များ သတ်မှတ်၍ မီးအစိမ်းပေးမှုကို အဆိုပါ မီးပွိုင့်များ၌ နံနက် ၅ နာရီမှ ည ၇ နာရီခွဲအတွင်း အနောက်မှ အရှေ့သို့သွားသော လမ်းကြောအတွက် ၉၃ စက္ကန့်၊ အရှေ့မှအနောက်သို့ သွားသော လမ်းကြောအတွက် ၂၃ စက္ကန့်၊ တောင်နှင့် မြောက် (တည့်) လမ်းကြောအတွက် ၂၈ စက္ကန့်၊ တောင်နှင့်မြောက် (ဘယ်ကွေ့) လမ်းကြောအတွက် ၁၃ စက္ကန့်ဖြင့် ချိန်ညှိနေပြီး ည ၁၂ နာရီမှ နံနက် ၅ နာရီအတွင်း အနောက်မှအရှေ့သို့သွားသော လမ်းကြော အတွက် ၈၃ စက္ကန့်၊ အရှေ့မှအနောက်သို့ သွားသော လမ်းကြောအတွက် ၁၈ စက္ကန့်၊ ည ၇ နာရီခွဲမှ ည ၁၂ နာရီအတွင်း တောင် နှင့်မြောက်(တည့်) လမ်းကြောအတွက် ၂၃ စက္ကန့်၊ တောင်နှင့်မြောက် (ဘယ်ကွေ့) လမ်းကြောအတွက် ၁ဝ စက္ကန့် စသည်ဖြင့် ချိန်ညှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.