Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားပါကင်ကြေးကောက်မည့် အစီအစဉ်ကို ပုဂ္ဂလိကထံသို့ Sub-contract ပေးသည့်စနစ်ဖြင့်ဆောင်ရွက်ရန်စီစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမော်တာကားများသွားလာနေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များ သတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့် အစီအစဉ်ကို ပုဂ္ဂလိကထံသို့ ဆပ်ကန်ထရိုက်(Sub-contract )ပေးသည့် စနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(ပဉ္စမနေ့) အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျင်းပရာတွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ရန်ကုန်မြို့အတွင်း လူနေထူထပ်သော မြို့နယ်များတွင် ကားပါကင်များ သတ်မှတ်၍ စနစ်တကျ ပါကင်ကြေးကောက်မည့်အစီအစဉ်ကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်မည်ကို သိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်းပြီး မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် “ကျွန်တော်တို့အနေနဲ့ ကားပါကင် ဧရိယာကို သတ်သတ်မှတ်မှတ် ထားရပါမယ်။ ဒီလိုထားမှ လမ်းတွေလည်းကျယ်လာမယ်။ ကားသွားမယ့်နေရာ ကားသွားပြီးတော့ ယာဉ်ရပ်ပြီးနားရတဲ့နေရာ မဟုတ်ဘူးဆိုတာ ဖြစ်တဲ့အတွက် တော်တော်များများစဉ်းစားပြီး ဒီအတွက် လုပ်နေပါတယ်။ ဒီအတွက်ကို ဘက်ဂျက် အကုန်မခံနိုင်တဲ့အတွက် (ပုဂ္ဂလိကနဲ့ အစိုးရပူးပေါင်းတဲ့စနစ်) PPP System နဲ့သွားပါမယ်။ ပုဂ္ဂလိကပေးမယ်။ နိုင်ငံတော်ဝင်ငွေလည်း ရမယ်။ ဘက်ဂျက်လည်း ရမယ်။ ဒီအတွက်လည်း စိစစ်နေပါတယ်။ နောက်ပိုင်း ဒီစနစ်နဲ့ပဲ သွားဖို့လုပ်နေပါတယ်။ ဒါကြောင့် လုပ်တဲ့အဆင့်တိုင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြချက်တောင်းပြီးတော့ တစ်ဆင့်ချင်း လုပ်နေပါတယ်။’’ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး မြို့တော်ဝန်က ကားမရပ်ရဆိုသည့် နေရာများတွင် ကားရပ်လျှင် ရေရှည်အတွက် ဘာကြောင့် ရပ်သည်ဆိုသည့် အကြောင်းရင်းကိုရှာပြီး ယင်းပြသနာကိုဖြေရှင်းပေးရမည် ဖြစ်ကြောင်း၊ လောလောဆယ် စည်းကမ်းမရှိသည့် အပိုင်းကို ထိန်းသိမ်းပြီး နောက်ပိုင်း မည်သည့်အကြောင်းရင်းကြောင့် စည်းကမ်းမရှိခြင်း၏ အားနည်းချက်အား ရှာဖွေပြီး ၎င်းအားနည်းချက်ကို ဖြေရှင်းရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.