Connect with us

Social

ဝေရောစန ကျောက်စိမ်း စေတီတော်သို့လွယ်ကူစွာ ဝင်/ထွက် ဖူးမြော်နိုင်ရန် ရန်ကုန်-မန္တလေး အမြန် လမ်းမ ကြီးမှ ဘုရားသို့ဆက်သွယ်သည့် လမ်းအား ဖောက်လုပ်သွားမည်

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မှတ်တိုင် အမှတ်(၃၆၁/၂) မြောက်ဘက်တွင် တည်ထားကိုးကွယ်သည့် ဝေရောစန ကျောက်စိမ်း စေတီတော်သို့ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ လွယ်ကူစွာ ဝင်/ထွက် ဖူးမြော်နိုင်ရန် အမြန်လမ်းမကြီးမှ ဘုရားသို့ဆက်သွယ်သည့် လမ်းအား ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုလမ်းဖောက်လုပ်နေစဉ် ကာလအတွင်း ဘုရားဖူး ပြည်သူများ အလွယ်တကူ သွားလာနိုင်စေရေး အတွက် ယာယီ ဝင်/ထွက်လမ်း အဖြစ် မိုင်တိုင်(၃၆၁/၁) တွင် ဖောက်လုပ်ပေးထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးမှ ဘုရားသို့ဆက်သွယ်သည့် လမ်းအား တက်လမ်း ကုမ္ပဏီမှ ဖောက်လုပ် လှူဒါန်း သွားမည် ဖြစ်ပြီး ဝင်/ထွက် လမ်းဖောက်လုပ်ရန် လျာထားချက်မှာ မန္တလေးဘက်မှ လာလျှင် မိုင်တိုင် (၃၆၁/၁)မှ ဝင်ရောက်ရမည် ဖြစ်ကြောင်း ၊ ရန်ကုန်ဘက်သို့ပြန်ထွက်ပါက မိုင်တိုင် (၃၆၀/၇)မှ ထွက်ရမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ လာလျှင် မိုင်တိုင်(၃၆၁/၄) မရောက်မီ လမ်း၏ အရှေ့ဘက်မှ လက်ယာဘက် ပတ်လမ်း အတိုင်း ချိုးကွေ့၍ စစ်ကိုင်း-မြစ်ငယ် လမ်းပေါ် ရောက်ရှိပြီးနောက် စေတီတော်သို့သွားရောက်နိုင်ပြီး မန္တလေးဘက်သို့ပြန်ထွက်လိုပါက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၃၆၀/၇) သို့ပေါင်းဆုံမည် ဖြစ်ပြီး ဆက်လက်၍ မိုင်တိုင် အမှတ်(၃၅၈/၇) အနီးရှိ ဆေးအိုးဘို အဝိုင်းပတ်၍ မန္တလေးဘက်သို့သွားရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)