Connect with us

Social

LNG ဓာတ်အားပေးစက်ရုံ လေးရုံ တည်ဆောက်ရန် လက်မှတ်ရေးထိုးပြီးစီး

လျှပ်စစ်တာဝါတိုင်များအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

လျှပ်စ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် LNG ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်အရ ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းဌာန၏ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ကန်ပေါက် LNG to Power” စီမံကိန်းအတွက် TOTAL & SIEMENS A. G ကုမ္ပဏီအား လည်း ကောင်း၊ “ မီးလောင်ဂျိုင် LNG to Power” စီမံကိန်းအတွက် Zhefu & Supreme ကုမ္ပဏီအား လည်းကောင်း၊ “အလုံ LNG to Power” စီမံကိန်းအတွက် TTCL Publc Co., Ltd. အား လည်း ကောင်း၊ “ကျောက်ဖြူ CCGT” စီမံကိန်းအတွက် Sinohydro & Supreme ကုမ္ပဏီအား လည်းကောင်း Notice to Proceed အသီးသီး ပေးအပ်ရန် ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကန်ပေါက် စီမံကိန်း၏ ပထမအဆင့်သည် ၃၆ လအတွင်းပြီးစီးမည်ဖြစ်ပြီး ၄၈ လတာအတွင်း ဒုတိယ အဆင့် ပြီးဆုံးပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၁၂၃၀ မဂ္ဂါဝပ်အထိ ရောက်ရှိမည်ဖြစ် ကြောင်း၊ မီးလောင်ဂျိုင် စီမံကိန်း၏ ပထမ အဆင့်အား ၃၆လနှင့် ဒုတိယ အဆင့်ကို ၄၂ လအတွင်း ပြီးစီးပါက စုစုပေါင်း မဂ္ဂါဝပ် ၁၃၉၀ ခန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ အလုံ စီမံကိန်း၏ ၃၅၆ မဂ္ဂါဝပ်ကိုမူ ၂၈ လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ FSRU (Floating Storage Regasification Unit) ၊ ဓာတ်ငွေ့ပိုက်လိုင်း၊ ဓာတ်အားပေး စက်ရုံနှင့် ဓာတ်အား ပို့လွှတ်ရေး လိုင်းများ အားလုံးကို တစ်ပေါင်းတည်း အဖြစ် စီမံကိန်း တစ်ခုစီအလိုက် အကောင် အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ CCPT (Combined Cycle Power Project) မှ ၁၃၅ မဂ္ဂါဝပ်ကို ၂၈ လအတွင်းပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းများ အားလုံးကို ၄၈ လအတွင်း ဆောင်ရွက် ပြီးစီးသွားပါက ဓာတ်အား စနစ်အတွင်းသို့ မဂ္ဂါဝပ် ၃၁၁၁ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.