Connect with us

Social

အိမ်ထောင်မပြုမနေရဥပဒေသစ် လွှတ်တော်တွင်ဆွေးနွေးခြင်းမရှိ

ပြည်သူ့လွှတ်တော်ကျင်းပနေသည့်မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အိမ်ထောင်မပြုမနေရဥပဒေသစ် လွှတ်တော်တွင်ဆွေးနွေး ဟုသည့် အင်တာနက်တွင် ပျံ့ နှံ့နေသည့် သတင်းသည် မှန်ကန်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ဆင်ဟွာသို့ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက “ ကျွန်တော်လည်း အင်တာနက်မှာ အဲဒီသတင်းတွေ့လိုက်ပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာ မရှိပါဘူး။ အိမ်ထောင်မပြုမနေရ ဆိုတဲ့ ကိစ္စက အစကတည်း မဖြစ်နိုင်တာကြီးပါ ။ လွှတ်တော်မှာ ဒီကိစ္စကြီး ဆွေးနွေးဖို့လည်း မရှိပါဘူး’’ ဟုပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်းက “အိမ်ထောင်မပြုမနေရဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတာ မရှိပါဘူး။ ဆွေးနွေးဖို့လည်း မရှိပါဘူး’’ ဟုပြောသည်။

အင်တာနက် သတင်းတစ်ရပ်တွင်တော့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အိမ်ထောင်မပြုသူ အများဆုံးနိုင်ငံ စာရင်းတွင် ပါဝင်နေပြီး၊ အိမ်နီးချင်းနိုင်ငံများ နှင့်ယှဉ်လျှင် လူဦးရေကွာခြားမှု မြင့်မားလျှက်ရှိကြောင်း၊ အဆိုပါကိစ္စ နှင့် ပတ်သက်ပြီး လူဦးရေ အချိုးအစား နှင့် အိမ်ထောင်ပြုခြင်းဆိုင်ရာ ဥပဒေသစ်တစ်ရပ်အား လွှတ်တော်တွင်ဆွေးနွေးလျက်ရှိကြောင်း ဟူ၍ ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.